• Follow Us on

Home အကြမ်းဖက်မှုနှိမ်နင်းလို့ အရေးယူပိတ်ဆို့မှုတွေ အလုပ်ခံနေရပြီလား

အကြမ်းဖက်မှုနှိမ်နင်းလို့ အရေးယူပိတ်ဆို့မှုတွေ အလုပ်ခံနေရပြီလား

Share this post

အကြမ်းဖက်အုပ်စု NUG နဲ့ PDF တွေကို တိုက်ခိုက်ချေမှုန်းနေတဲ့ တပ်မတော်အတွက် လေယာဉ်ဆီတင် သွင်းမှုတွေ လုပ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနဲ့ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ် သက်ရင် အမေရိကန်ရဲ့ဘက်လိုက်မှု၊ တရားမမျှတမှုတွေဟာ သိသာထင်ရှားလွန်းပါတယ်။ ပြည်သူတွေအေး ချမ်းစွာနေနိုင်ဖို့အတွက် တပ်မတော်က အကြမ်းဖက်အုပ်စု NUG နဲ့ PDF တွေကို တိုက်ခိုက်ချေမှုန်းတာတွေ လုပ် နေရတာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါတိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ လူပုဂ္ဂိုလ်အချို့ကို အမေရိ ကန်က Sanctions ပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

 

မြန်မာနိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ PDF တွေကြောင့် အပြစ်မဲ့ပြည်သူတွေ အများကြီး ဒုက္ခရောက်နေပါတယ်။ အကြမ်းဖက် PDF တွေက အပြစ်မဲ့ ပြည်သူတွေ၊ ရဟန်း/သံဃာတွေ၊ သီလရှင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ကလေးသူငယ်ပါ မချန် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့အပြင် နိုင်ငံပိုင်အဆောက်အဦတွေ၊ အများ ပြည်သူသွားလာနေတဲ့ လမ်းတံတားတွေကို အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခဲ့ကြတာတွေလည်း ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုကိုယ့်နိုင်ငံအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတဲ့ကိစ္စ ဘယ်နိုင်ငံကမှ လက်မခံကြသလို၊ ဘယ်နိုင်ငံကမှလည်း အကြမ်းဖက်သမားတွေကို လက်ပိုက်ကြည့်မနေကြပါဘူး။ အမေရိကန်အပါအဝင် အနောက် အုပ်စုတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်အစရှိတဲ့ ဥပရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံလုံခြုံရေး၊ အကြမ်း ဖက်မှုနှိမ်နင်းရေးတစ်ခုခုလုပ်ပြီဆိုတာနဲ့ လူ့အခွင့်အရေးခေါင်းစဉ်၊ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်တွေနဲ့ ဝေဖန်ပြစ်တင်ပြောဆိုစွပ်စွဲခဲ့ကြသလို Sanctions တွေလည်း လုပ်ခဲ့ကြပါတယ်။

 

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်သမားတွေကို တိုက်ခိုက်ချေမှုန်းလို့ Sanctions လုပ်ခဲ့ပေမယ့် စစ်ရေးပစ်မှတ်တွေမဟုတ်ဘဲ လူနေအိမ်တွေ၊ ဆေးရုံ တွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးကို ကျတော့ Sanctions ပိတ်တာတွေမလုပ်တဲ့အပြင် လိုအပ်တဲ့လက်နက်ခဲယမ်းတွေ၊ ငွေကြေးထောက်ပံ့မှုတွေကိုပါ အမေရိကန်က ပေးနေတာတွေ့ရပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေး သူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး ၆၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေပါ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် အစ္စရေးကို ဘယ်နိုင်ငံကမှ Sanctions လုပ်ပြီး အရေးယူတာတွေ မလုပ်ခဲ့ကြပါဘူး။

 

ဒါ့အပြင် ပင်လယ်ပြင်မှာ ကုန်တင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ဟူသီအဖွဲ့ ကဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်က လက်တုံ့ပြန်တိုက်ခိုက်တာလို့အကြောင်းပြကာ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံအချို့တို့ပေါင်းပြီး ယီမင်နိုင်ငံထဲက ဟူသီထိမ်းချုပ်ထားတဲ့ ဟိုဒီအိုင်ဒါ (HODEIDA) ၊ တာအစ်ဇ် (Taiz) San’a၊ ဒါမာ (DHAMAR)၊ အယ်လ်ဘေဒါ(al-Bayda)နဲ့ ဆာဒါ(SAADA)ပြည်နယ်တွေကို အဖျက်စွမ်းအားကြီးတဲ့ ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခဲ့ရုံသာမက ဝေဟင်ကနေပြီး နောက်ဆုံးပေါ် လေယာဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ၊ အပြစ်မဲ့ ပြည်သူတွေ များစွာသေကျေဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဘာသာရေး အဆောက်အဦတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်း တွေ၊ လေယာဉ်ကွင်းနဲ့ လူနေ အဆောက်အဦတွေလည်း များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

ဒါ့အပြင် အမေရိကန်ဟာ အီရန်ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထဲက အဖွဲ့တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေရဲ့ပစ်မှတ်နေရာတွေဟော ဆီးရီးယားမှာ ၄ ခုနဲ့ အီရတ်မှာ ၃ ခု ဖြစ်ပြီး ၎င်းနေရာ ၇ ခုကို အမေရိကန်က ဗုံးကြဲလေယာဉ်များစွာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ အများအပြားသေဆုံးခဲ့သလို၊ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ လူနေအဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦ တွေနဲ့ ဆေးရုံတွေလည်း ပျက်စီးခဲ့ပါတယ်။

 

အမေရိကန်က အဲဒီလို အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို ဟိုးအရင် ဒုတိယ ကမ္ဘာစစ်မှာလည်း လုပ်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဂျပန်နိုင်ငံက ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေ ကို အမေရိကန်က အဏုမြူ ဗုံးတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဟာ ကမ္ဘာ့သမိုင်းမှာ အခုထိအမှတ်ရနေကြ သေးတုန်းပါပဲ။ ဟီရိုရှီးမားမြို့မှာ အမေရိကန်ရဲ့ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ လူပေါင်း ၁၄၀,၀၀၀ ကျော်ရှိခဲ့သလို နာဂါဆာကီမြို့မှာလည်း လူပေါင်း ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့စွာနဲ့ လူပေါင်းသိန်းဂဏန်းကျော် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

 

အမေရိကန်အနေနဲ့ ယခင်တုန်းကလည်း အပြစ်မဲ့တဲ့လူပေါင်းများစွာကို လူသား ချင်းစာနာထောက်ထားမှုကင်းမဲ့စွာ ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့သလို၊ အခုချိန်မှာလည်း လေကြောင်းကနေပြီး အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ် နေတုန်းပါပဲ။ အမေရိကန်ဟာ သူတို့ကိုယ်တိုင်ကျတော့ လူ့အသက်ပေါင်းများစွာကို သတ်ဖြတ် နေပြီး မြန်မာနိုင်ငံကိုကျမှ ဘာမဟုတ်တဲ့ အကြမ်းဖက် PDF တွေကို တိုက်ခိုက် ချေမှုန်းလို့၊ အကြမ်းဖက်မှုကိုနှိမ်နင်း လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Sanctions လုပ်ပြီး အရေးယူတယ်ဆိုတော့ တရားနည်းလမ်းကျရဲ့လားဆိုတာ စဉ်းစားကြည့်ကြပါအုံးဗျာ။

 

လင်းနိုင်


Share this post