အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နိုင်ငံတော်အတွင်း သံဃာတော် (၇၅) ပါး ထိပျံလွန်တော်မူခဲ့
PUBLISHED - July 13, 2023
နေပြည်တော်၊ ဇူလိုင် ၁၃
အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၇၅ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အတွင်း အကြမ်းဖက်မှု အဖျက်အမှောင့်များအား လုပ်ဆောင် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်း တော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များ ဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့ နယ်၊ စဉ့်အိုးလှကျေးရွာရှိ စဉ့်အိုးလှဘုန်းတော်ကြီးကျောင်းသို့ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)တို့က လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာပြီး အဆိုပါကျောင်း၌ သီတင်းသုံး နေထိုင်လျက်ရှိသည့် ဆရာတော် ဥူးသုဇာတ(ခ) ဦးသိန်းဇော် (၆၀)နှစ်၊ ဝါတော် (၂၅)ဝါ၊ (ဘ)ဦးအောင်သန်း အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဥူးသုဇာတ(ခ)ဦးသိန်းဇော်တွင် ဝဲလည်ပင်းမှ ယာပါး ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက် ပွန်းခြစ်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သံဃာတော်တစ်ပါးအား ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia