• Follow Us on
Latest News

Home အကြမ်းဖက်လုပ်ရက်များအား နိုင်ငံရေးပါတီများက ပြင်းထန်စွာဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်ကြောင်း ထုတ်ပြန်

အကြမ်းဖက်လုပ်ရက်များအား နိုင်ငံရေးပါတီများက ပြင်းထန်စွာဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇွန် ၆

 

အကြမ်းဖက်လုပ်ရက်များအား နိုင်ငံရေးပါတီများက ပြင်းထန်စွာ ဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ပါတီမှ သဘောထားထုတ်ပြန်ထားသည်။

 

အဝေးရောက်အကြမ်းဖက် CRPH၊ NUGနှင့် ၎င်းတို့၏ လက်ဝေခံ နိုင်ငံရေးအစွန်းရောက် အဖျက်သမား သောင်းကျန်းသူများသည် ဇွန်လ ၄ရက်နေ့ နံနက် ၇နာရီ ၁၅အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကျောင်းတက်ရန် သွားရောက်ကြသော ကျောင်းသားကျောင်းသူ လူငယ်များ စီးနင်းလိုက်ပါ လာသည့် မော်တော်ယာဉ်အား လောင်းလုံမြို့နယ် ပဉ္စသီမော်ကျေးရွာအနီး လောင်းလုံး PDF က လက်နက် ငယ်များဖြင့် တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကျောင်းသားလူငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် ဇွန်လ ၄ရက်နေ့ နေ့လည် ၁၂နာရီ ၄၀အချိန်ခန့်တွင် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်ထားခဲ့သည့် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်း ၁ဦး သေဆုံးခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် အပြစ်မဲ့ပြည်သူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူပင် လွန်ခဲ့သည့် လများအတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများက အပြစ်မဲ့ပညာရေး ဝန်ထမ်း ဆရာ/ဆရာမများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား ဗုံးထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်း လုပ်ငန်းစဉ်များအား ဟန့်တား၊ နှောက်ယှက်၊ ခြိမ်းခြောက်ခြင်း စသော အကြမ်းဖက်ရက်စက် ကြမ်းကြုတ်မှု လုပ်ငန်းများအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိခဲ့ကြောင်း သိရသည်။

 

ကျွန်ုပ်တို့ နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်မှုကို လုံး၀ လက်မခံ၊ ဆန့်ကျင်နေကြသည့် သန်းပေါင်း များစွာသော တိုင်းရင်းသား ပြည်သူပြည်သားများအား ကိုယ်စားပြု၍ ၂၀၂၄ခုနှစ် မတ်လ ၁၆ရက်နေ့တွင် နိုင်ငံရေးပါတီ ၂၄ပါတီက အကြမ်းဖက်မှုဆန့်ကျင်ရေး ထုတ်ပြန်ချက်ဖြင့်လည်းကောင်း၊ မေလ ၂၈ရက်တွင် ၂၅ပါတီက အရေးယူပိတ်ဆို့တားဆီးမှု (Sanction)ဆန့်ကျင်ရေးအတွက် သဘောထားထုတ်ပြန်ချက်ဖြင့် လည်းကောင်း မိမိတို့၏ ရပ်တည်ချက်အား ခိုင်မာရှင်းလင်းစွာ ပြသခဲ့ပြီးလည်း ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

သို့ဖြစ်ပါ၍ အကြမ်းဖက် CRPH၊ NUG၊ PDFနှင့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အထက် အပိုဒ်များပါ အကြမ်းဖက်လုပ်ရက်များအား ကျွန်ုပ်တို့ နိုင်ငံရေးပါတီများက ပြင်းထန်စွာ ဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post