• Follow Us on
Latest News

Home အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ ပူးတွဲထုတ်ပြန်

အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ ပူးတွဲထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၈

 

အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်း ပနိုင်ရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်ရှုံ့ချကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

 

နစက တာဝန်ယူသည့်အချိန်မှစ၍ ယနေ့အထိ ပြည်ပရောက်အဖွဲ့အစည်းများ၊ ၎င်းတို့၏ ကွပ်ကဲမှုအောက်ရှိ ပြည်တွင်းအကြမ်းဖက်အဖွဲ့အစည်းများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်ခြင်း မရှိသူနှင့် သွေဖည်သွားကြသူ လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့သည် နိုင်ငံအတွင်း အဆောက်အဦများအား တိုက်ခို၊ ဖျက်ဆီး၊ မီးရှို့ခြင်း၊ နိုင်ငံဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများ၊ အမျိုးသမီးများနှင့် လူမမယ်ကလေးငယ်များအပါအဝင် တိုင်းရင်းသား လုပ်သားပြည်သူများအား ခေါင်းစဉ် အမျိုးမျိုးတပ်၍ အနိုင်ကျင့်၊ ရက်စက်စွာ သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်အဖွဲ့များသည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပစ်မှတ်မဟုတ်သော အရပ်ဖက်ပစ်မှတ်များအပေါ် ယနေ့ထက်တိုင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ၂ နှစ်တာကာလအတွင်း လမ်း၊တံတား၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်မှု ၈၉၂၈ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံတော်၏ အနာဂတ်ခရီးအား မှေးမှိန်ပျက်စီးစေသည်သာမက နိုင်ငံဘဏ္ဍာ ငွေများဖြင့် နှစ်ကာလကြာရှည်စွာ တည်ဆောက်ပေးခဲ့ရသော အခြေခံအဆောက်အဦများအား ပြည်လည် တည်ဆောက်ပြုပြင်ပေးရမည့် လုပ်ငန်းများသည် နိုင်ငံ့အနာဂတ်အတွက် အခက်အခဲများစွာ ရှိနေဦးမည်ဖြစ် ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် လူ့စွမ်းအား အရင်းအမြစ်ထိခိုက်ပျက်စီးမှု များ ရှိနေကြောင်း၊ ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကိုလည်း နားလည်စာနာမိကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်ရှုံ့ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီမှ ပူးတွဲ သဘောထားထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post