• Follow Us on

Home အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ တာလီဘန်တွေဟာ မဟာမိတ်တွေဖြစ်တယ်လို့ ပူတင်ပြော

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ တာလီဘန်တွေဟာ မဟာမိတ်တွေဖြစ်တယ်လို့ ပူတင်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၆

 

တာလီဘန်တွေက အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ရုရှားနိုင်ငံထဲမှာ ပိတ်ပင်ထားတဲ့ တာလီဘန်အုပ်စုဟာ ရုရှားနိုင်ငံရဲ့ မဟာမိတ်တွေဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့ (ဇူလိုင်လ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တာလီဘန်အဖွဲ့ကို ၂၀၀၃ ခုနှစ်ကတည်းက ရုရှားနိုင်ငံထဲမှာ ပိတ်ပင်ထားတာဖြစ်ပေမဲ့ ရုရှားအစိုးရဟာ တာလီ ဘန်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဆက်ဆံရေးမြှင့်တင်ခဲ့သလို ရုရှားအစိုးရအနေနဲ့ တာလီလန်အစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ သမ္မတပူတင်က ပြီးခဲ့တဲ့လက ပြောပါတယ်။

 

“တာလီဘန်တွေ တိုင်းပြည်မှာ အာဏာထိန်းချုပ်ထားတာကို ကျွန်တော်တို့ လက်ခံရမယ်။ ဘယ်အာဏာပိုင်မ ဆို သူတို့အုပ်ချုပ်နေတဲ့နိုင်ငံထဲမှာ တည်ငြိမ်တာကို စိတ်ဝင်စားတာကြောင့် ဒီဘက်ကအမြင်နဲ့ကြည့်မယ်ဆိုရင် တာလီဘန်တွေဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးမှာ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေဖြစ်ပါတယ်။” လို့ ပူတင် က ကာဇက်စတန်မြို့တော် အက်စ်တာနာမှာ ပြောပါတယ်။

 

တာလီလန်အဖွဲ့ဟာ အာဖဂန်နစ္စတန်က ဂျီဟတ်ဝါဒီပြိုင်ဘက် အစ္စလာမ်မစ်နိုင်ငံတော်ခိုရာဆန် (အိုင်အက်စ်-ကေ) အဖွဲ့ကို တိုက်ခိုက်နေတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။ မတ်လအတွင်းက မော်စကိုမြို့က ကဇာတ်ရုံတစ်ခုမှာ အိုင်အက်စ်-ကေအဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ရာ အနှစ်နှစ်ဆယ်နီးပါးအတွင်း ရုရှားနိုင်ငံမှာ အဆိုးရွားဆုံးအကြမ်းဖက်တိုက်ခိုက် မှုကြီးဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်မှာ အာဏာရလာကတည်းက အမျိုးသမီးတွေရဲ့ လူမှုဘဝကို တင်းကျပ်စွာ ပိတ် ပင်ထားတဲ့ အစွန်းရောက်အစ္စလာမ်မစ်ဥပဒေတစ်ရပ်ကို တာလီဘန်အဖွဲ့က ပြဋ္ဌာန်းခဲ့ပါတယ်။

 

တချို့ကိစ္စတွေအတွက် တာလီဘန်အစိုးရက တာဝန်ယူရမှာဖြစ်ပေမဲ့ နိုင်ငံတွင်းမှာရော နိုင်ငံတကာအသိုင်းအ ဝိုင်းကပါ တသမတ်တည်းအာရုံစိုက်ဖို့ လိုအပ်တဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း ပူတင်က ပြောပါတယ်။

 

“အာဖဂန်နစ္စတန်ထဲမှာ အရာရာ တည်ငြိမ်နေတာကို တာလီဘန်တွေစိတ်ဝင်စားမယ်လို့ ကျွန်တော်ကျိန်းသေ ပြောနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၁၉၈၀ ပြည့်လွန်နှစ်တွေက ဆိုဗီယက်ကျိူးကျော်မှုနောက်ပိုင်း အမေရိကန်တွေ နိုင်ငံထဲကထွက်သွားပြီးက တည်းက ရှုပ်ထွေးလှတဲ့သမိုင်းကြောင်းရှိနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ရုရှားအစိုးရက ရင်းနှီးစွာ ဆက်ဆံခဲ့ ပါတယ်။

 

Ref: Putin Says Taliban ‘Our Allies’ in Fighting Terrorism

 

#PeopleMedia


Share this post