• Follow Us on

Home အကြမ်းဖက်သမားကို လူမှုထူးချွန်ဆုပေးပြီး ပြန်လည်ပယ်ဖျက်

အကြမ်းဖက်သမားကို လူမှုထူးချွန်ဆုပေးပြီး ပြန်လည်ပယ်ဖျက်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အကြမ်းဖက်သမား ဦးစောဆန်းဝင်းကို လူမှုထူးချွန်ဆုပေးအပ်ပြီးမှ ပြန်လည် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

 

လူမှုထူးချွန်တံဆိပ် (ပထမအဆင့်)ကို ဇန်နဝါရီလ (၅)ရက်က မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့ပြီး တိုင်းနှင့်ပြည်နယ် (၁၄)ခုမှ ဆုရရှိသူ စုစုပေါင်း (၁၀၂၁) ဦး ထုတ်ပြန်ကြေညာခဲ့သည်။

 

အမှတ်စဉ်နံပါတ် (၅၉၇)ဖြင့် လူမှုထူးချွန်ဆုရရှိခဲ့သည့် အသက် (၄၈)နှစ်အရွယ် ဦးစောဆန်းဝင်းသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၇)ရက်က ပေါင်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်း၏ နေ အိမ်တွင် မီးလန့်မှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နှင့် စနိုက်ပါ မှန်ပြောင်းတစ်လက် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် သြဂုတ်လ (၉)ရက်တွင် ဦးစောဆန်းဝင်း၏ နေအိမ်အား နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးစောဆန်းဝင်းအနေဖြင့် ပေါင် PDF အဖွဲ့တွင် ရောက်ရှိနေကြောင်း သိရပြီး KNU တပ်မဟာ (၁)ဘက်တွင် နေထိုင်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

Photo – ၂၀၂၂ခုနှစ်က ဦးစောဆန်းဝင်း၏ နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းနေစဉ်

 

#PeopleMedia


Share this post