• Follow Us on

Home အကြမ်းဖက်သမားများက ကျင်စန်းကျော့အတွင်းရှိ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၁၂၀ စီး မီးလောင်ပျက်စီး

အကြမ်းဖက်သမားများက ကျင်စန်းကျော့အတွင်းရှိ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၁၂၀ စီး မီးလောင်ပျက်စီး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၄

 

MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ်မဟုတ်သော မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့် ကုမ္ပဏီ သွင်းကုန်ကားဝင်း အတွင်းသို့ ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကားဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးမှတစ်စီး ဆက်လက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရ‌ကြောင်း သိရသည်။

 

ထိုကဲ့သို့ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပြီး အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း အလျင်အမြန်သွားရောက်ပူးပေါင်းကာ မီးငြှိမ်းသတ် ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့‌ကြောင်း သိရသည်။

 

MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများ၏ ယခု အကြမ်းဖက်လုပ်ရပ်ကြောင့် ကားဝင်းအတွင်းရပ်နားထားသည့် သွင်းကုန်မော်တော် ယာဉ် ၂၅၈ စီးရှိသည့်အနက် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၂၀ စီးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ များစွာ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post