• Follow Us on
Latest News

Home အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှု အပေါ် ကန့်ကွက်ရှုတ်ချပွဲ မင်းဘူးမြို့၌ ပြုလုပ်

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှု အပေါ် ကန့်ကွက်ရှုတ်ချပွဲ မင်းဘူးမြို့၌ ပြုလုပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးစော်ကားမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့ ပြုလုပ်လျက်ရှိရာ သံဃာတော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ခရိုင်ဘောလုံးကွင်းမှ မြို့တော်ခန်းမရှေ့သို့ ချီတက်စုဝေးကြကာ သံဃာတော်များ နှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓ ဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှု များကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

 

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီး နေသူများ အား (ဆန့်ကျင်ကြ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား(အလိုမရှိ)၊ အကြမ်းဖက် အားပေး လောက်ကောင်များအား (အလိုမရှိ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများ(ကျရှုံးပါစေ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေ သည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ) စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

#PeopleMedia


Share this post