အကြမ်းဖက်သောင်းကျန်းသူများကိုချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင်မြောက်သည့် စွမ်း ဆောင်ရည်များကိုတွေ့ရှိခဲ့ရခြင်းကြောင့် ဂုဏ်ယူအသိအမှတ်ပြုကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - February 5, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် ဂုဏ်ယူအသိ အမှတ်ပြုသည်ကို ပြောကြားလိုကြောင်း (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင် လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက် သောင်းကျန်းသူနှိမ်နင်းရေး တိုက်ပွဲများအထိ လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည် အရေအတွက် ကျရောက်ပေါက်ကွဲစေရမည် ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ခတ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း ပြောသည်။
ထို့ပြင် ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက် အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက် တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့ သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ်အမြဲတမ်းဖြစ်နေစေရေးတပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် မှာကြားလိုကြောင်း ဖြင့် ပြောကြားခဲ့သည်။
#PeopleMedia