အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် ယုတ်မာသည့်လုပ်ရပ်သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

PUBLISHED - January 11, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၁
အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် ယုတ်မာသည့်လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများနှင့် ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်၍ ဝိုင်းဝန်းထိန်းသိန်းကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ စေတီတော်ကို MNDAA အဖွဲ့ဝင်များ၏ ဖျက်ဆီးစော်ကားမှုသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကိုသာမက ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာနိုင်ငံများနှင့် ဗုဒ္ဓဘာသာဝင် လူဦးရေ သန်း ၅၀၀ လုံးကို ရိုင်းစိုင်းစော်ကားခြင်းဖြစ်၍ ဘာသာရေးခေါင်းဆောင်များအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများ အားလုံး ဝိုင်းဝန်းထိန်းသိမ်းပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
MNDAA ၏ အဆိုပါလုပ်ရပ်သည် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာဝင်များသာမက နိုင်ငံတကာရှိ ဗုဒ္ဓဘာဝင်များ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ထပ်မံပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်းဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူအား ဇန်နဝါရီ ၈ ရက်တွင် MNDAA တပ်ဖွဲ့ဝင် လူငယ်တစ်ဦးက သံတူနှင့် ရိုက်ထုဖျက်ဆီးသည့် ဗီဒီယိုဖိုင်သည် မီဒီယာပလက်ဖောင်းပေါ် ပျံ့နှံခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်မကောင်း ဖြစ်ခဲ့ရသည်။
ယင်းအတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းကိုလည်း ဒရုန်းများကို အသုံးပြုပြီး Drop Bomb ပစ်ချခဲ့ခြင်းများ ပြုလုပ်ခဲ့မှုသည် အကြမ်း ဖက်အဖွဲ့များ၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံပြောကြား သည်။
#PeopleMedia