• Follow Us on

Home အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတတိယနေ့နှင့် ပိတ်ပွဲကျင်းပ

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတတိယနေ့နှင့် ပိတ်ပွဲကျင်းပ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆

 

အကြိမ်(၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတတိယနေ့နှင့် ပိတ်ပွဲကို ယမန် နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ(ခုတင်- ၇၀၀)၊ ဇီဝကခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။

 

ယင်းအခမ်းအနားကို တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်း ကျင်သူ(အရာရှိ)များ၊ သူနာပြု/ ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြ သည်။

 

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် စုစုပေါင်း  ၃၅၅ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင် သူ(အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ကြသည်။

 

ယမန်နေ့တွင် Major Symposium အဖြစ် Futuristic Approaches to Optimize Nutrition and Exercise Regimens for Myanmar Military Cadets နှင့် Debate Session တို့ကို ဆွေးနွေးကြသည်။

 

ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက အကောင်းဆုံး သုတေသနစာတမ်းနှင့်ပိုစတာများအတွက် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ Young Researcher Award ရရှိခဲ့သည့် သုတေသနစာတမ်း/ပိုစတာဆုရှင်များနှင့် Debate Session တွင် အနိုင်ရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲကျင်းပရေး ဆပ်ကော်မတီ များနှင့် သုတေသနစာတမ်း/ပိုစတာ တင်သွင်းဖတ်ကြားခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြ သည်။

 

#PeopleMedia


Share this post