• Follow Us on
Latest News

Home အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများနှင့် စနစ် ဟောင်း ဒသမတန်း(Grade 11) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်

အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများနှင့် စနစ် ဟောင်း ဒသမတန်း(Grade 11) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၄

 

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေး အတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာ၌ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆို ခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း၊ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း(Grade 11) တက္ကသိုလ် ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး များတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ စက်တင်ဘာလ ၂၉ ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်း အုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ် စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက် တင်ဘာလ ၂၉ ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ် ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ဖော်ပြပါရှိသည့် ဘာသာ တွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှုရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလို ကြောင်း သိရသည်။

 

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂) ၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ တွင် လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post