အကြွေးဆပ်ပြီး ပြန်လာသည့် မိသားစုဝင် ၃ ဦး စက်လှေတိမ်းမှောက်ရာ ၂ ဦး သေဆုံးပြီး ၁ ဦး အသက်ရှင်
PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၊ ရွှေတောင်ရွာအနီးရှိ လေးမြစ်အတွင်း စက်လှေတိမ်းမှောက် ကြောင်း သတင်းရရှိသောကြောင့် ဒေသခံလူမှုကူညီရေးအသင်းမှသွားရောက်ကယ်ဆယ်ရာ မိခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးတို့၏ ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် သာစည်ကျေးရွာမှ အကြွေးဆက်ပြီး ၎င်းတို့နေထိုင်သည့် ပြင်ယောင်းကျေးရွာသို့ စက်လှေဖြင့်ပြန်လာစဉ် ရွှေတောင်ရွာအနီးရှိ လေးမြစ်အတွင်း ဒီရေတက်ချိန်တွင် တိမ်းမှောက်ခဲ့ကြောင်း ထိုစက်လှေကိုမိခင်ဖြစ်သူမှ မောင်းလာစဉ် လေးမြစ်အတွင်း ဒီရေတက်ချိန် တိမ်း မှောက်ရာ မိခင်ဖြစ်သူမှ သားအကြီးကို ထိုအနီးရှိ ချုံပြုတ်ပေါ်တွင်တင်ပြီး သားငယ်ကို လိုက်လံကယ်ဆယ်ရင်း မိခင်နှင့်သားအငယ်ဆုံးတို့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ယင်းစက်လှေပေါ်တွင် လိုက်ပါလာသည့် အသက် (၅) နှစ်အရွယ်၊ အသက် (၇) နှစ်အရွယ်ကလေးနှင့် ၎င်းတို့၏မိခင်ဖြစ်သူ အသက် (၃၅) နှစ်တို့ဖြစ်ကြောင်း၊ စက်လှေတိမ်းမှောက်မှုကြောင့် အသက်(၅) နှစ် အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ထိုဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်ရာတွင် သားအမိနှစ်ဦး၏ ရုပ် အလောင်းကိုရရှိပြီး၊ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦးကို အသက်ရှင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုအမျိုးသမီး၏ အမျိုးသားဖြစ်သူမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မိုးများအဆက်မပျက်ရွာသွန်းမှုကြောင့် မြို့များရှိနေအိမ်များ ရေလွှမ်းမိုးလျက်ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia