• Follow Us on

Home အခက်အခဲတွေရှိပေမဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း နတ်သပေါင်ပြော

အခက်အခဲတွေရှိပေမဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း နတ်သပေါင်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉

 

အခက်အခဲအတားအဆီးတွေ ရှိနေပေမဲ့လည်း ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း ပြည်သူ့ပါတီခေါင်း ဆောင် နတ်သပေါင်ရောင်းပန်းယာဝတ်က ပြောကြားလိုက်ပါတယ်။

 

အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ပါတီ (People’s Party – PP) ရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံလိုက်ရပြီးက တည်းက နတ်သပေါင်ရောင်းပန်းယာဝတ်ဟာ ရုတ်တရက် ပြည်သူတွေ စိတ်ဝင်စားခံရတဲ့သူတစ်ဦးဖြစ်လာပါ တယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းလိုက်သလို ပါတီအမှုဆောင်အဖွဲ့ဝင် ၁၁ ဦးကို နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပြီးနောက် နှစ်ရက်အကြာ သြဂုတ်လ ၉ ရက်နေ့မှာ ပြည်သူ့ပါ တီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

 

ကနဦးက Move Forward ပါတီရဲ့ ဒုတိယခေါင်းဆောင် ဆီရိကန်ညာတန်ဆာကူလ်ကို ပြည်သူ့ပါတီခေါင်း ဆောင်အဖြစ်ခန့်အပ်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အသက် ၃၇ နှစ်အရွယ် နတ်သပေါင် ရောင်းပန်းယာဝတ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

 

အဓိကစိန်ခေါ်ချက်က ၎င်းတို့ပါတီတစ်ခုတည်း အစိုးရဖွဲ့ပြီး Move Forward ပါတီရဲ့ ကြိုးပမ်းမှုအတိုင်း ဆက် လက်လျှောက်လှမ်းနိုင်ဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ထဲမှာ အမတ်နေရာ တစ်ဝက် ကျော်အနိုင်ရရှိရေးပဲဖြစ်ကြောင်း ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးတစ်ခုမှာ မစ္စတာနတ်သပေါင်က ပြောပါတယ်။

 

မစ္စတာနတ်သပေါင်ဟာ ပြည်သူ့ပါတီရှေ့က ပါတီဖြစ်တဲ့ နောင်မှာ Move Forward ပါတီဖြစ် လာမယ့် Future Forward ပါတီကို ၂၀၁၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။

 

Future Forward ပါတီကို နိုင်ငံရေးပါတီများ အလှူငွေလှူဒါန်းခြင်းဆိုင်ရာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၂၀ ပြည့်နှစ်မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

 

ချူလာလောင်ကွန်တက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ရ နတ်သပေါင်ဟာ လာမယ့် ရွေးကောက်ပွဲတွေ ရှေ့ကဆက်ခံသွားသူတွေရဲ့ ရည်ရွယ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

လာမယ့်ရွေးကောက်ပွဲမှာ ၎င်းကို ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းသွားမယ်ဆိုရင် အဲဒီစိန်ခေါ်ချက်ကို ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“လက်ရှိစိန်ခေါ်ချက်က ကျွန်တော်တို့ပါတီရဲ့ အနေအထားကို မြှင့်တင်ဖို့အတွက် ပါတီအခြေခံထောက်ခံသူ တွေကို ဘယ်လိုချဲ့ထွင်ကြမလဲဆိုတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ထိပ်ဆုံးကနေ အနိုင်ရခဲ့ပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ရလဒ်ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

အရင်က Future Forward ပါတီနဲ့ Move Forward ပါတီတို့ မြို့ပြက လူငယ်မဲဆန္ဒရှင်တွေကို စည်းရုံးခဲ့တဲ့ နည်းလမ်းအတိုင်း ကျေးလက် မဲဆန္ဒရှင်တွေကို စည်းရုံးရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

ဒေသတွင်းရွေးကောက်ပွဲတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲလိုပဲ အရေးကြီးကြောင်း၊ ဒေသတွင်းမှာ ပါတီ ကိုယ်စားလှယ်တွေရှိနေတာဟာ ပြည်ထောင်စုရွေးကောက်ပွဲမတိုင်ခင် အထူးသဖြင့် လာမယ့် သုံးနှစ်မှာ ပါတီ ရဲ့အမာခံယ်မြေ တိုးချဲ့တည်ဆောက်ဖို့အတွက် အလွန်အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။

 

ဘုရင်စနစ်ကို ကာကွယ်ထားတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “ပါတီဟာ အဲဒီဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်နေပေမဲ့ ဥပေဒပြုပြင်ရမယ့် နည်းလမ်းနဲ့ အသေးစိတ် အ ချက်အလက်တွေကို ထပ်မံဆွေးနွေးရဦးမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပါတီဟာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို အဓိကအာရုံစိုက် အကောင်အထည်ဖော်နေတာဖြစ်တဲ့အ တွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ရပ်တည်ချက်ကနေ ပေါ်ထွက်လာတဲ့ တရားစွဲဆိုမှုတွေအတွက် ၎င်းအနေနဲ့ စိုးရိမ်မှုမရှိကြောင်း မစ္စတာနတ်သပေါင်က ပြောပါတယ်။

 

သနာထုမ် ဂျန်ဂရောင်းဂရုန်းယန်းကစ်၊ ပီယာဘတ်ဆန်ကာနော့ကူလ်နဲ့ ပီတာလင်းဂျားရင်းနတ်တို့ အပါအဝင် အဓိကထင်ရှားတဲ့ အကြံပေးသူတွေ ဆုံးရှုံးသွားရပေမဲ့ ပါတီမှာ အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်တဲ့သူတွေ မရှိ တော့တာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ပါတီမှာ တာဝန်တွေလွှဲပြောင်းယူမယ့် အရည်အချင်းရှိတဲ့လူငယ်တွေ အများအပြားရှိပါတယ်။ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးချယ်ခံရခြင်းဟာ နောက်ဆုံးမှာ မူဝါဒတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အကောင်အ ထည်ဖော်ဖို့ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ကို လွှတ်တော်အမတ်တွေအဖြစ်က ဖယ်ရှားပစ်ပြီး တခြားသူတွေက ကျွန်တော်တို့နေရာတွေကို ဆက်ခံသွားတဲ့အချိန်မှာလည်း ကျွန်တော်တို့ဟာ တခြားနည်းလမ်းတွေနဲ့ အထောက်အကူပြုနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပြည်သူ့ပါတီအနေနဲ့ အဓိကပြဿနာနှစ်ရပ်ကို ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီပြဿနာတွေကတော့ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” နဲ့ အစိုးရဌာနတွေရဲ့ လွတ်လပ်တဲ့ဆောင်ရွက်ခွင့် အထူးသဖြင့် ပါတီ တွေကို ဖျက်သိမ်းပြီး နိုင်ငံရေးသမားတွေရဲ့ကျင့်ဝတ်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရား ရုံးရဲ့ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ကို ပြန်လည်ဆန်းစစ်လေ့လာဖို့ပဲဖြစ်ကြောင်း မစ္စတာနတ်သပေါင်က ပြော ပါတယ်။

 

Ref: Fight must go on, despite obstacles

 

#PeopleMedia


Share this post