အခုနှစ်ထဲမှာပဲ ရုရှားရေတပ်အတွက် စစ်သင်္ဘောအစီး ၃၀ ဖြည့်တင်းပေးသွားမှာဖြစ်ကြောင်း ပူတင်ပြော
PUBLISHED - July 31, 2023
နိုင်ငံတကာ၊ ဇူလိုင် ၃၁
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ၎င်းရဲ့မွေးရပ်မြေ စိန့်ပီတာစဘတ်မြို့မှာ တနင်္ဂနွေနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ကကျင်းပခဲ့တဲ့ စစ်သင်္ဘောတွေနဲ့ နျူကလီးယားရေငုပ်သင်္ဘောတွေပါဝင်တဲ့ စစ်ရေးပြအခမ်းအနားကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရုရှား ရေတပ်အနေနဲ့ အခုနှစ်အတွင်း သေင်္ဘောအသစ် အစီး ၃၀ လက်ခံရရှိမှာဖြစ်ကြောင်း ကြေ ညာခဲ့ပါတယ်။
ရုရှားရေတပ်နှစ်ပတ်လည်နေ့အတွက် ကျင်းပခဲ့တဲ့ အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်သင်္ဘော ၄၅ စီး၊ ရေငုပ်သ င်္ဘောတွေနဲ့ တခြားသင်္ဘောတွေ ပါဝင်ခဲ့ပြီး ပုံမှန်အားဖြင့် ဖင်လန်ပင်လယ်ကွေ့နဲ့ စိန့်ပီတာစဘတ်မှာရှိတဲ့နေဗား မြစ်ထဲမှာ စစ်အင်အားကို ထုတ်ဖော်ပြသခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ကုန်းပေါ်မှာကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ရေတပ်တပ်ဖွဲ့ဝင် ၃၀၀၀ ဝန်းကျင်လည်း ပါဝင်ခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
မိန့်ခွန်းမပြောခင်မှာ သမ္မတပူတင်ဟာ ကာကွယ်ရေးဝန်ကြီးဆာဂျီရှိုင်ဂူ၊ ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ကြီး နစ်ကိုလိုင်ယက်ဗ် မီနော့ဗ်တို့နဲ့အတူ နေဗားမြစ်ထဲက သင်္ဘောတစ်စီးပေါ်ကနေ စစ်သင်္ဘောတွေကို ကြည့် ရှု စစ်ဆေးခဲ့ပါတယ်။
“ဒီကနေ့အချိန်မှာ ရုရှားနိုင်ငံတော်ကြီးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပင်လယ်ရေကြောင်းဆိုင်ရာမူဝါဒ တွေထဲက အလွန်ကြီးမားလှတဲ့တာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။” လို့ သမ္မတပူ တင်က ပြောပါတယ်။
“ဒီနှစ်တစ်နှစ်တည်းမှာတင် ရုရှားရေတပ်အုပ်စုထဲကို စစ်သင်္ဘောအသစ် အစီး ၃၀ ထပ်မံဖြည့်တင်းပေးသွားမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Putin announces navy will receive 30 more ships during Russia’s annual Navy Day celebrations
#PeopleMedia