အခုနှစ်ရှစ်လအတွင်း ကိုရီးယားအသင့်စားခေါက်ဆွဲ ဒေါ်လာ သန်း ၈၀၀ ဖိုး တင်ပို့ရောင်းချနိုင်ခဲ့
PUBLISHED - September 19, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉
“ရမ်းမြောင်” လို့ သိထားကြတဲ့ တောင်ကိုရီးယားပြည်ပပို့ကုန် အသင့်စားခေါက်ဆွဲခြောက်တွေဟာ အခုနှစ် ပထမရှစ်လအတွင်းမှာ ဒေါ်လာ သန်း ၈၀၀ ဖိုး တင်ပို့ရောင်းချခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့စာရင်း ဇယားအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အခုနှစ် ၈ လအတွင်းရောင်းအားဟာ ပြီးခဲ့တဲ့နှစ် ကာလတူရောင်းအားထက် ၃၁.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ဒေသရေးရာဝနကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေ မှာ ဖော်ပြထားပါတယ်။
အခုရှစ်လအတွင်း တရုတ်နိုင်ငံကို “ရမ်းမြောင်” အသင့်စားခေါက်ဆွဲ ဒေါ်လာ သန်း ၁၆၀ ဖိုး တင်ပို့ခဲ့ရာ အရင် နှစ်ထက် ၂၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ သန်း ၁၄၀ ဖိုး တင်ပို့ခဲ့ရာ အရင် နှစ်ထက် ၆၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
အလားတူ နယ်သာလန်နိုင်ငံကို ဒေါ်လာ သန်း ၆၀ ဖိုးတင်ပို့ခဲ့ရာ အရင်နှစ်ထက် ၅၈.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဗြိတိန်နိုင်ငံကို တင်ပို့မှုမှာ ၆၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို ဂျာမနီနိုင်ငံကို တင်ပို့မှုမှာ ၄၇.၄ ရာခိုင်နှုန်း မြင့် တက်ခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့ ပြည်ပဈေးကွက် အထူးသဖြင့် အမေရိကန်နဲ့ ဥရောပဒေသမှာ စတုတ္ထသုံးလပတ်အတွင်း ဈေး ကွက် တိုးချဲ့သွားမှာဖြစ်ကြောင်း“ရမ်းမြောင်” ခေါက်ဆွဲထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ နန်းရှမ်းကုမ္ပဏီနဲ့ ဆမ်ယောင်းစားသောက်ကုန်ကုမ္ပဏီတို့က အရာရှိတွေက ပြောပါတယ်။
နန်းရှမ်းကုမ္ပဏီဟာ လာမယ့်နှစ်အစောပိုင်းမှာ ဥရောပဒေသမှာ အရောင်းဌာနတစ်ခုဖွင့်လှစ်ဖို့ စီစဉ်နေသလို ဆမ်ယောင်းကုမ္ပဏီကလည်း ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၈၀ အကွာအဝေးမှာရှိတဲ့ မဲလ် ယန်းမြို့မှာ စက်ရုံသစ်တစ်ခု တည်ဆောက်နေပါတယ်။
Ref: Exports of Korean instant noodles surpass $800m in Jan.-Aug.
#PeopleMedia