• Follow Us on
Latest News

Home အခုနှစ်အကုန်မှာ အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလုပ်သမားရေးရာ ဝန်ကြီးပြော

အခုနှစ်အကုန်မှာ အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလုပ်သမားရေးရာ ဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉

 

အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးဟာ အလုပ်သမားတွေအတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်လာမှာဖြစ်ပေမဲ့ တိုးမြှင့် မှုဟာ တစ်ရက်ကို ဘတ် ၄၀၀ သတ်မှတ်မှုဖြစ်မဖြစ်ကိုတော့ အတည်မပြုနိုင်ဘူးလို့ အလုပ်သမားရေးရာဝန်ကြီး ဖိဖတ်ရတ်ချာကစ်ပရာကန်က ကြာသပတေးနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အနိမ်ဆုံးလုပ်ခဟာ ပြည်နယ်အသီးသီက လုပ်ငန်းအမျိုးမျိုးမှာ မတူညီတဲ့အတွက်ရော ငွေကြေးဖောင်းပွမှုအ တွက်ရောထည့်တွက်ဖို့လိုတဲ့အပြင် ဆုံးဖြတ်ချက်ကို ငွေကြေးဖောင်းပွမှုနှုန်းပေါ်မူတည်ပြီး ချမှတ်ရမှာဖြစ်တဲ့အ တွက် ပထမဦးဆုံး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ် သုံးပွင့်ဆိုင် တရားဝင်ဆွေးနွေးဖို့ လိုအပ် ကြောင်း ၎င်းက ပြောပါတယ်။

 

အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးဟာ လက်ရှိအစိုးရရဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁ ရက် နေ့မှာ စတင်အသက်ဝင်သင့်တယ်လို့ ဆိုပါတယ်။

 

ငွေကြေးဖောင်းပွမှုနဲ့ လူနေမှုစရိတ်မြင့်မားမှုတို့ကို ရင်ဆိုင်ရာမှာ အလုပ်သမားဈေးကွက်နဲ့ အလုပ်ရှင်တို့ကိုပါ ဖိ အားပေးမှုတွေရှိနေတဲ့အတွက် နှောင့်နှေးနေတဲ့ ထိုင်းစီးပွားရေးကို အားဖြည့်ထောက်ပံ့ဖို့အတွက် အခုအစီအစဉ် ကို ရည်ရွယ်ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

မကြာခင်သတ်မှတ်မယ့် အနိမ့်ဆုံးလုပ်ခတိုးမြှင့်မှုဟာ ထိုင်းနိုင်ငံသားအလုပ်သမားတွေအတွက်သာ အကျုံးဝင် မှာမဟုတ်ဘဲ နိုင်ငံခြားသားအလုပ်သမားတွေအတွက်လည်း အကျုံးဝင်မှာဖြစ်ကြောင်း အစိုးရကပြောပါတယ်။

 

အလုပ်သမားတွေအနေနဲ့ တစ်ရက်လုပ်ခ အနိမ့်ဆုံး ဘတ် ၄၀၀ ရရှိရေး သေချာအောင် ထိုင်းအလုပ်သမားတွေ ရဲ့ လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်ကိုလည်း မြှင်တင်ဖို့ အစိုးရအနေနဲ့ ရည်ရွယ်ထားကြောင်း ဖိဖတ်က အခုလ အ စောပိုင်းကကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးသွားအေဂျင်စီများအသင်း အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ Covid-19 ကပ်ရောဂါဘေးရိုက်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်သားအင်အားစုကလည်း ၄၀% အထိ လျော့ကျသွားခဲ့ကြောင်း အဲဒီအစည်းအဝေးမှာ ဖိဖတ်က ပြောပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် တရုတ်ခရီးသွားတွေနဲ့ ကာဇက်စတန်ခရီးသွားတွေကို အစိုးရက ယာယီ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ရာမှာ အခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ရကင်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေက လုပ်သားအင်အားတွေကို တိုးမြှင့်ခေါ်ယူမယ့် အကြံအစည်မျိုး ကိုတော့ ကန့်ကွက်နေကြပါတယ်။

 

နိုင်ငံခြားလုပ်သားတွေ တိုးမြှင့်ခေါ်ယူမယ့်အစား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေမှာ ထိုင်းလုပ်သားတွေကို လေ့ကျင့်သင်ကြားပေးရေးအာရုံစိုက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အစိုးရက ယုံကြည် ထားပါတယ်။

 

လုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်တွေနဲ့ ပြည့်မီတဲ့ကျွမ်းကျင်လုပ်သားတွေထုတ်လုပ်နိုင်ရေးအတွက် ရည်မှန်းပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး/ သိပ္ပံ/သု တေသနနဲ့ တီထွင်ဖန်တီးမှု ဝန်ကြီးဌာနနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန စတဲ့ဝန်ကြီးဌာနလေးခု ပူးပေါင်း ဆောင်ရွက်မယ့်အစီအစဉ်ဟာ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ဝယ်လိုအားမြင့်မားတဲ့ဈေးကွက်တစ်ခုအဖြစ် နိုင်ငံတကာနယ်ပယ်မှာသတ် မှတ်ထားပြီး နိုင်ငံအများအပြားဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆက်စပ်လုပ်သားပြတ်လပ်မှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

 

ထိုင်းနိုင်ငံက လုပ်သားတချို့ဟာ ထိုင်းနိုင်ငံထက် လစာမြင့်မားတဲ့ ဒူဘိုင်း၊ ဆော်ဒီအာရေးဗီးယားနဲ့ ဆူဒန်တို့လို အရှေ့အလယ်ပိုင်းဒေသက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်။

 

ဒါ့ကြောင့် လုပ်သားအချိုးအစားမညီမျှခြင်းကို ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ပြည်တွင်းက ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းလုပ်သားတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက အရှိန်မြင့်ကြိုးပမ်းဆောင် ရွက်နေကြောင်း ဖိဖတ်က ပြောပါတယ်။

 

Ref: Labour minister vows to raise daily minimum wage by year-end

 

#PeopleMedia


Share this post