အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၂၃ သန်း ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့
PUBLISHED - November 15, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅
အခုနှစ်အတွင်း ထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၂၃ သန်းကျော်လွန်သွားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ထိုင်းနိုင်ငံအတွက် ဝင်ငွေ ဘတ်ငွေ ၉၈၁.၆၉ ဘီ်လျံရရှိခဲ့ကြောင်း The Nation မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်းကို ကမ္ဘာလှည့်ခရီးသွား ၂၃,၂၄၁,၃၃၈ ဦး ဝင်ရောက်လာခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်က ၎င်းကို သတင်းပို့ခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွားနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဆူဒါဝန် ဝန်ဆူဖာကစ်ကိုဆိုက အင်္ဂါနေ့က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုကနေ နိုင်ငံအတွက် ထိုင်းဘတ်ငွေ ၉၈၁.၆၉ ဘီ်လျံရရှိခဲ့ကြောင်း ၎င်းက ပြော ပါတယ်။
အခုနှစ်အတွင်း ထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့ကမ္ဘာလှည့်ခရီးသွားတွေဟာ အဓိကထိပ်တန်းငါးနိုင်ငံက ခရီး သွားအများစုဖြစ်ပြီး မလေးရှားနိုင်ငံသား ၃,၈၂၄,၄၄၅ ဦး၊ တရုတ်နိုင်ငံသား ၂,၉၀၂,၄၆၂ ဦး၊ တောင်ကိုရီးယား နိုင်ငံသား ၁,၃၇၅,၉၅၈ ဦး၊ အိန္ဒိယနိုင်ငံသား ၁,၃၅၄,၇၁၂ ဦးနဲ့ ရုရှားနိုင်ငံသား ၁,၁၇၀,၂၀၃ ဦးတို့ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဌာနခွဲရဲ့ပြောကြားချက်အရ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ၆၁၁,၁၂၁ ဦးဝင်ရောက်လာတဲ့အတွက် နေ့စဉ် ပျှမ်းမျှ ၈၇,၃၀၃ ဦးဝင်ရောက်လာတယ်လို့ စာရင်းဇယားအချက်အလက်တွေအရသိရကြောင်း ဆူဒါဝန်က ပြော ပါတယ်။
အဲဒီနှုန်းထားဟာ နေ့စဉ် ၅၃,၅၆၇ ဦး ဝင်ရောက်ခဲ့တဲ့ ရှေ့ပိုင်းက သီတင်းပတ်ထက် ၉.၆၁% မြင့်မားလာတာ ဖြစ်ကြောင်း ဝန်ကြီးဆူဒန်ဝန်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်နောက်ဆုံးရက်တွေက ဒီပါဝလီနေ့အားလပ်ရက်တွေမှာ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုနှုန်းကျဆင်းသွားကြောင်း ဆူဒါဝန်က ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း နိုဝင်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ မလေးရှားနိုင်ငံသားကမ္ဘာလှည့်ခရီးသွား ဝင် ရောက်မှုှုနှုန်းဟာ ၄၉၉၁၉ ဦးရှိခဲ့ရာ အဲဒီရှေ့ကသီတင်းအတွင်း ဝင်ရောက်မှုထက် ၂၈.၆၅% မြင့်တက်ခဲ့ ကြောင်း ၎င်းက ပြောပါတယ်။
လေယာဉ်ခရီးစဉ်တွေတိုးမြှင့်ပေးထားသလို နိုင်ငံခြားတိုင်းပြည်တွေရဲ့ အေးမြလှတဲ့ဆောင်းရာသီကြောင့် လာ မယ့်သီတင်းပတ်တွင်းမှာ ထိုင်းနိုင်ငံထဲကို နိုင်ငံခြားသားခရီးသည်တွေ ပိုမိုဝင်ရောက်လာဖို့ မျှော်လင့်ထား ကြောင်း ဝန်ကြီးဆူဒါဝန်က ပြောပါတယ်။
တရုတ်၊ ကာဇက်စတန်နဲ့ အိန္ဒိယနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သလို ရုရှားနိုင်ငံသားတွေကိုလည်း ဗီဇာနေထိုင်ခွင့်သက်တမ်း ကာလရှည်တိုးမြှင့်ပေးနေတဲ့အတွက် အဲဒီဆောင်ရွက်ချက်တွေဟာ ပြီးခဲ့တဲ့နှစ်ထက် ကမ္ဘာလှည့်ခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် အထောက်အကူဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Thailand welcomes 23 million tourists this year with Malaysians topping list
#PeopleMedia