• Follow Us on

Home အခုနှစ်အတွင်း ရုရှားတပ်မတော်ထဲကို တပ်သားသစ်ဦးရေ ၂၈၀,၀၀၀ ဝင်ရောက်လာကြောင်း မက်ဗီဒက်ပြော

အခုနှစ်အတွင်း ရုရှားတပ်မတော်ထဲကို တပ်သားသစ်ဦးရေ ၂၈၀,၀၀၀ ဝင်ရောက်လာကြောင်း မက်ဗီဒက်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

အခုနှစ်အတွင်း လက်ရှိအချိန်အထိ ရုရှားတပ်မတော်တွင်းသို့ တပ်သားသစ်ဦးရေ ၂၈၀,၀၀၀ ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယဥက္ကဋ္ဌနဲ့ ရုရှားသမ္မတဟောင်းဖြစ်သူ ဒီမီထရီမက်ဗီဒက်က စက် တင်ဘာလ ၃ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားတပ်မတော်အင်အား တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်နိုင်ဖို့ ဒေသခံအရာရှိတွေနဲ့ သွားရောက်တွေ့ ဆုံခဲ့ကြောင်း ရုရှားနိုင်ငံ အရှေ့ဖျားဒေသကိုရောက်ရှိစဉ် မက်ဗီဒက်က ပြောပါတယ်။

 

“ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အရန်တပ်ဖွဲ့ဝင်တွေအပါအဝင် ရုရှားတပ်မတော်ထဲကို ကန်ထရိုက်စနစ်နဲ့ စာချုပ် ချုပ်ဆိုပြီး တပ်သားသစ်ဦးရေ ၂၈၀၀၀၀ လောက်ဝင်ရောက်လာကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောကြား ချက်အရသိရပါတယ်။” လို့ ရုရှားအစိုးရပိုင် TASS သတင်းဌာနက မက်ဗီဒက်စကားကို ကိုးကားပြီး ပြောကြားခဲ့ ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ အရေအတွက်ဖော်ပြမထားပေမဲ့ အကျအဆုံးအများအပြားရှိတဲ့အတွက် ရုရှားတပ်မတော်ရဲ့ တိုက်ခိုက်ရေးအင်အားကို ၁.၅ သန်းအထိရောက်ရှိအောင် ၃၀ ရာခိုင်နှုန်းကျော်တိုးချဲ့သွားဖို့ စီစဉ်ထားကြောင်း ပြီးခဲ့တဲ့နှစ်က ရုရှားအစိုးရက ကြေညာခဲ့ပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ နိုင်ငံတော်ကို တိကျသေချာအောင်ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အင်အား ၇ သန်း ရှိ တဲ့တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ကြောင်း၊ အဲဒီလိုခိုင်မာတောင့်တင်းတဲ့ တပ်မတော်အတွက် အ လွန်များပြားတဲ့ ဘတ်ဂျက်ကို ခွင့်ပြုဖို့လည်း လိုအပ်ကြောင်း ရုရှားလွှတ်တော်အမတ်တချို့က ပြောပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်က အရန်တပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀၀ တပ်မတော်ထဲဝင်ရောက်ဖို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက အမိန့်ပေးခဲ့တဲ့အတွက် ရုရှားနိုင်ငံသားထောင်ပေါင်းများစွာ စစ်မြေပြင်စေလွှတ်ခံရ မှာကြောက်ပြီး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

 

အဲဒီနောက်ပိုင်း နောက်ထပ် ဘယ်လိုစစ်စည်းရုံးမှုမျိုးကိုမှ လုပ်ဖို့ မလိုအပ်ဘူးလို့ ပူတင်က ပြောပါတယ်။

 

Ref: Russia signs 280,000 for contract military service this year, Medvedev says

 

#PeopleMedia


Share this post