အခုနှစ်အတွင်း အခုအချိန်အထိ ထိုင်းနိုင်ငံတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၄.၁၅ သန်းဝင်ရောက်
PUBLISHED - July 18, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၈
ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၆ ရက်နေ့အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၄.၁၅ သန်း ဝင်ရောက်လာခဲ့ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကတစ်ဆင့် ထိုင်းဘတ်ငွေ ၅၈၈ ဘီလျံ (ဒေါ်လာ ၁၇.၁၁ ဘီလျံ) သုံးစွဲခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အားကစားလုပ်ငန်းဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ဇူလိုင်လကုန်လောက်ဆိုရင် ကမ္ဘာလှည့်ခရီးသွားအရေအတွက် ၁၅ သန်းအထိ တိုးလာနိုင်တယ်လို့ ဝန်ကြီးဌာန က မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘေးဒုက္ခအကျပ်အတည်းမျိုးစုံကြောင့် မူလရည်မှန်းချက် ဘတ်ငွေ ၂.၂၉ ဘီလျံအစား ၁.၉၂ ဘီလျံကို လျော့ချသတ်မှတ်ခဲ့ရတဲ့အတွက် ၂၀၂၄ ခုနှစ်မှာ နိုင်ငံတကာဈေးကွက်ကရရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဝင်ငွေဟာ ၂၀၁၉ ခုနှစ်က ရရှိခဲ့တဲ့ စံချိန်တင်ဝင်ငွေကို မမီဘူးလို့ ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့က ပြောပါတယ်။
အကျပ်အတည်းဖြစ်စဉ်သုံးလေးခုကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့သလို ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှု၊ အတိုးနှုန်းမြင့်တက်မှု၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုနှုန်းလျော့ကျမှုတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ၂၀၁၉ ခုနှစ် အဆင့်ရဲ့ ၇၀% သာရှိတယ် လို့ ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ အုပ်ချုပ်သူ ယူသာဆတ်ဆူူပါဆွန်က ပြောပါတယ်။
Ref: 14.15m foreign arrivals so far this year
#PeopleMedia