• Follow Us on
Latest News

Home အခုနှစ် ထိုင်း GDP ၃.၅% တိုးတက်ရမယ်လို့ ထိုင်းအစိုးရ ချမှတ်

အခုနှစ် ထိုင်း GDP ၃.၅% တိုးတက်ရမယ်လို့ ထိုင်းအစိုးရ ချမှတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှှီးမြှုပ်နှံမှု၊ အစိုးရရဲ့ စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်တွေကတစ်ဆင့် အခုနှစ် ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၃.၅% အထိ တိုးတက်လာဖို့ ထိုင်းအစိုးရက ရည်မှန်းချက်ချမှတ်ထားကြောင်း ဒုတိယဘဏ္ဍာရေးဝန်ကြီးက ဖေဖော်ဝါရီ ၇ ရက်နေ့ (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။

 

“စီးပွားရေးတိုးတက်မှုနှုန်း ၃.ဝ% နဲ့ ကျွန်တော်တို့ မကျေနပ်နိုင်ပါဘူး။ အရည်အသွေးတွေ တည်ဆောက်မြှင့်တင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းလိုက်ရင် ကျွန်တော်တို့ရည်မှန်းချက်ကို ၃.၅% အထိ ချမှတ်လို့ရပါတယ်။ အဲဒီရည်မှန်းချက် အတိုင်း ကျွန်တော်တို့ အရောက်သွားနိုင်ပါတယ်။” လို့ ဒုတိယဝန်ကြီးဂျူလာပန်အမွန်းဗီဗတ်က စီးပွားရေးဖိုရမ်တစ်ခုမှာ ပြောပါတယ်။

 

၂၀၂၄ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်းက ၂.၇% ကနေ ၂.၈% အထိ ခန့်မှန်းထားပြီး တရားဝင်သတင်းအချက်အ လက်ကတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ထုတ်ပြန်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

နောက်ထပ် ဘတ်ငွေ ဘီလျံ ၁၅၀ (ဒေါ်လာ ၄.၅ ဘီလျံ) သုံးစွဲမယ့် အွန်လိုင်း/ဒစ်ဂျစ်တယ်ငွေကြေးဖြန့်ဝေရေးစီမံချက် နောက်အ ဆင့်ကိုတော့ လာမယ့်သုံးလပတ်အတွင်း စတင်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

 

“ဒီအလွန်များအပြားလှတဲ့ ငွေကြေးပမာဏဟာ တိုင်းပြည်ရဲ့စီးပွားရေးလုပ်ငန်းထဲကို စီးဝင်သွားမှာဖြစ်ပါတယ်။” လို့ မစ္စတာဂျူလာပန်က ပြောပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးဖြန့်ဝေရေးစီမံချက်အရ ထိုင်းပြည်သူ ၄၅ သန်းကို တစ်ဦးကို ဘတ်ငွေ ၁၀၀၀၀ (ဒေါ်လာ ၃၀၀) နှုန်းနဲ့ ဖြန့်ဝေသွားမှာဖြစ်ပြီး အဲဒီငွေကြေးတွေကို နိုင်ငံတွင်းမှာပဲ ခြောက်လအတွင်း သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ စီမံချက်စတင်ကတည်းက ဒီကနေ့အချိန်အထိ ထိုင်းပြည်သူ ၁၇.၅ သန်းဟာ ဒစ်ဂျစ်တယ် ငွေကြေးဖြန့်ဝေရေးစီမံချက်က ထောက်ပံ့ငွေတွေကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

 

တိုးတက်မှုအတွက် အစိုးရရဲ့နောက်ထပ်ဆောင်ရွက်ချက်တွေထဲမျာ ဝင်ငွေနည်းမိသားစုတွေအတွက် တန်ဖိုးသင့်အိမ်ရာ တွေထောက်ပံ့တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေ တိုးချဲ့ဆောင်ရွက်တာလည်း ပါပါတယ်။

 

အစိုးရအနေနဲ့ စက်မှုလုပ်ငန်းနယ်ပယ်သစ်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်ထံမှုတွေ ထပ်မံဝင်ရောက်လာမှာကိုလည်း မျှော် လင့်ထားပြီး အဲဒီရင်းနှီးမြှုပ်နှံမှုတွေကလည်း နိုင်ငံတိုးတက်မှုကို အထောက်အကူပြုသွားမှာဖြစ်ကြောင်း မစ္စတာဂျူလာ ပန်က ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်စတင်နေချိန်မှာ semiconductor နဲ့ printed circuit board ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ဖို့အတွက် ထိုင်း အစိုးရက မဟာဗျူဟာအစီအစဉ်တစ်ရပ် ပြင်ဆင်ရေးဆွဲနေပါတယ်။

 

“ဧရာမအကောင်ကြီးဝင်လာတော့ တစ်အိမ်လုံး လှုပ်ခါကုန်တာပေါ့။” လို့ ဒေါ်နယ်ထရမ့်အာဏာပြန်ရလာတာကို ရည် ညွှန်းပြီး ၎င်းက ပြောပါတယ်။

 

Ref: Thailand aims for 3.5% GDP growth

 

#PeopleMedia


Share this post