• Follow Us on
Latest News

Home အခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားကုမ္ပဏီသစ်များရင်းနှီးမြှုပ်နှံမှု ၅၈% မြင့်တက်လာ

အခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားကုမ္ပဏီသစ်များရင်းနှီးမြှုပ်နှံမှု ၅၈% မြင့်တက်လာ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

ထိုင်းနိုင်ငံမှာ အခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားလုပ်ငန်းသစ်များရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅၈% မြင့်တက်လာခဲ့ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်္ဂါနေ့ (ဇွန်လ ၂၅ ရက် နေ့) က ကြေညာလိုက်ပါတယ်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီသစ် ၃၁၇ ခုရှိရာ ၁၆% မြင့်တက်လာ သလို ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဘတ်ငွေ ၇၁.၇၀၂ ဘီလျံရှိပါတယ်။

 

အဲဒီကုမ္ပဏီတွေက ထိုင်းနိုင်ငံသား ၁,၂၁၂ ဦးကို ဝန်ထမ်းခန့်အပ်ခဲ့ရာ ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ နိုင်ငံခြား ကုမ္ပဏီတွေက ခန့်အပ်ခဲ့တဲ့ ထိုင်းလူမျိုး ဝန်ထမ်းဦးရေ ၂,၉၉၉ ဦးနဲ့ နှိုင်းယှဉ်ရင် ၆၀% လျော့ကျသွားပါတယ်။

 

နိုင်ငံခြားကုမ္ပဏီသစ်အများစုဟာ ဝန်ထမ်းအင်အား အနည်းငယ်သာလိုအပ်တဲ့ အဆင့်မြင့်နည်းပညာလုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် အခုနှစ်မှာ ထိုင်းလူမျိုးတွေကို ဝန်ထမ်းခန့်အပ်တာလျော့ကျသွားတာ ဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အိုရာမွန်ဆတ်သာဝီးသမ်က ပြောပါ တယ်။

 

ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ data development နဲ့ digital platform တွေပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်ဈေးကွက်၊ hybrid cloud နဲ့ multi-cloud management တို့လို နယ်ပယ်တွေမှာ နည်းပညာလွှဲပြောင်းမှုကို တိုးတက်လာစေတယ်လို့ ၎င်းက ပြောပါ တယ်။

 

အခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာ ဂျပန်နိုင်ငံဟာ ထိပ်ဆုံးက နေရာယူထားဆဲဖြစ် ပြီး ဂျပန်ကုမ္ပဏီသစ် ၈၄ ခု လာရောက်ဖွင့်လှစ်ကာ ဘတ်ငွေ ၄၀.၄၁၂ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

 

ကုမ္ပဏီသစ် ၃၈ ခု လာရောက်ဖွင့်လှစ်ပြီး ဘတ်ငွေ ၅.၄၈၅ ဘီလျံ ရင်းနှီးမြှုပ်နှံလိုက်တဲ့ တရုတ်နိုင်ငံက ဒုတိယ နေရာရရှိထားပြီး ကုမ္ပဏီသစ် ၅၀ ဖွင့်လှစ်ပြီး ဘတ်ငွေ ၁.၁၉၆ ဘီလျံ ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်နိုင်ငံက တတိယနေရာ ရရှိထားကြောင်း သိရပါတယ်။

 

Ref: New foreign business investment rises 58% in first 5 months

 

#PeopleMedia


Share this post