အခုနှစ် ပထမသုံးလပတ် နိုင်ငံခြားသားကွန်ဒိုတိုက်ခန်းဝယ်ယူမှု ရုရှားကို မြန်မာကျော်တက်ပြီး ဒုတိယနေရာ ချိတ်
PUBLISHED - May 17, 2024
နိုင်ငံတကာ၊ မေ ၁၇
ထိုင်းနိုင်ငံမှာ အခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေ က ရုရှားနိုင်ငံသားတွေကို ကျော်တက်ပြီး ဒုတိယနေရာ ရရှိသွားပါတယ်။
အခုနှစ် ပထမသုံးလပတ်အတွင်း ဘတ်ငွေ ၁၈.၀၂ ဘီလျံ တန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၃၉၃၈ ခန်းကို နိုင်ငံခြား သားတွေကို ရောင်းချခဲ့ပါတယ်။
အခုနှစ် ပထမသုံးလပတ်ကာလအတွင်း ကွန်ဒိုတိုက်ခန်းရောင်းရတဲ့ ရာခိုင်နှုန်းဟာ အရင်နှစ်ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် ၄.၃% ကနေ ၅.၂% အထိ မြင့်တက်သွားခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာက ကြာသပတေးနေ့က ပြောပါတယ်။
နိုင်ငံခြားသားတွေ တိုက်ခန်းဝယ်ယူမှုမှာ တရုတ်က ဘတ်ငွေ ၄.၅၇ ဘီလျံတန်ကြေးရှိ တိုက်ခန်းပေါင်း ၁၅၉၆ နဲ့ ပထမ၊ မြန်မာက ဘတ်ငွေ ၂.၂၁ ဘီလျံ တန်ကြေးရှိ တိုက်ခန်းပေါင်း ၃၉၂ ခန်းနဲ့ ရုရှားက ဘတ်ငွေ ၉၂၄ သန်း တန်ကြေးရှိ တိုက်ခန်းပေါင်း ၂၉၅ ခန်း ဝယ်ယူခဲ့ကြောင်း စင်တာက ပြောပါတယ်။
နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတွေက ၄၁%၊ မြန်မာနိုင်ငံသားတွေ က ၁၀% နဲ့ ရုရှားနိုင်ငံသားတွေက ၅% ဖြစ်ကြောင်း သိရပါတယ်။
Ref: Myanmar nationals overtake Russians in Thai property market
#PeopleMedia