• Follow Us on

Home အခုနှစ် ပထမ ၇ လအတွင်း ထိုင်းနိုင်ငံတွင်းသို့ ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော် ဝင်ရောက်ခဲ့

အခုနှစ် ပထမ ၇ လအတွင်း ထိုင်းနိုင်ငံတွင်းသို့ ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော် ဝင်ရောက်ခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁

 

ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၈ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ဦး ရေ ၂၀,၃၃၅,၁၀၇ ဦးဝင်ရောက်လာရာ ဝင်ငွေ ဘတ် ၉၅၇.၃၁ ဘီလျံ ရရှိခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

ဝင်ရောက်လာတဲ့ခရီးသည်တွေထဲမှာ တရုတ်ခရီးသွားက အများဆုံးဖြစ်ပြီး တရုတ်ကမ္ဘာလှည့်ခရီးသွား ၄,၀၆၅,၁၀၉ ဦး၊ မလေးရှား ၂,၈၃၇,၉၂၂ ဦး၊ အိန္ဒိယ ၁,၁၈၆,၂၈၈ ဦး၊ တောင်ကိုရီးယား ၁,၀၇၃,၇၉၂ ဦးနဲ့ ရုရှားက ၉၉၆,၉၉၀ ဦးတို့ဖြစ်ပါတယ်။

 

နောက်ဆုံးသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့ ကြားကာလမှာ ကမ္ဘာလှည့်ခရီးသည် ၇၁၆၆၃၁ ဦးဝင်ရောက်လာရာ တစ်ရက်ကို ပျှမ်းမျှ ခရီးသည် ၁၀၂၃၇၆ ဦးဝင်ရောက်လာတာဖြစ်ကြောင်း ဝန်ကြီး ဆမ်ဆက်ပေါင်ပါနစ်ချ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒေသတွင်းဈေးကွက်ထဲက တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှုဟာ ရှေ့သီတင်းပတ်ထက် ဝ.၈၅% မြင့်တက်လာပြီး ကျောင်းပိတ်ရက်တစ်ရက်နဲ့ တိုက်ဆိုင်သွားခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမျာပဲ ဥရောပဒေသနဲ့ အရှေ့အလယ်ပိုင်းမှာ နွေရာသီအပန်းဖြေကာလ စတင်ပြီဖြစ်တဲ့အတွက် ခရီးဝေး ကမ္ဘာလှည့်ခရီးသွားဈေးကွက်က ခရီးသွားတွေဝင်ရောက်မှုနှုန်းဟာလည်း အဲဒီသီတင်းပတ်အတွင်း ၁.၅၇% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဥရောပဒေသမှာ နွေရာသီအားလပ်ရက်ဖြစ်နေခြင်း၊ အစိုးရရဲ့ခရီးသွားမူဝါဒတွေ ဖြေလျှော့ပေးထားခြင်းနဲ့ လေ ကြောင်းခရီးစဉ်တွေ တိုးမြှင့်ပေးထားခြင်းတို့အပါအဝင် အထောက်အကူပြုထားတဲ့အချက်တွေကြောင့် ဇူလိုင် ၂၉ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ သီတင်းပတ်အတွင်း နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု နှုန်းဟာ အရင်သီတင်းပတ်တွေလိုပဲ ဆက်လက်တည်ရှိနိုင်ကြောင်း ဆမ်ဆက်က ပြောပါတယ်။

 

ကိုဗစ်ကပ်ရောဂါဘေး မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသည် သန်း ၄၀ နီးပါးဝင် ရောက်လာခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသည် ၃၆.၇ သန်း ဝင်ရောက်လာမယ်လို့ ထိုင်းအစိုးရ က မျှော်မှန်းထားပါတယ်။

 

Ref: Thailand welcomes 20 million foreign tourists in first 7 months

 

#PeopleMedia


Share this post