အချို့စီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့် ညီညွတ်မှုမရှိဘဲ ဆောင် ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကိုအရေးယူဆောင်ရွက်ရခြင်းများရှိကြောင်း နစကဥက္ကဋ္ဌပြောဆို
PUBLISHED - November 3, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃
အချို့စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင် ရွက်ရခြင်းများရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နောက်ထပ်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏မူဝါဒ များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ရှေ့အစိုးရအဆက်ဆက်မှ ဆောင်ရွက်ခဲ့ သည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များရှိမည်ဖြစ်ကြောင်း၊ ၎င်းကိုနောက်တက်လာမည့် အစိုးရကလည်း ၎င်းတို့၏မူဝါဒနှင့် ကိုက်ညှိလျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း၊ ဆောင်ရွက်မှု ရှိ/မရှိဆိုသည်ကို တည်ဆဲအစိုးရက တာဝန်ယူ၊ တာဝန်ခံရကြောင်း၊ ပြောဆိုသည်။
ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြီးခဲ့သည့်အစိုးရနှင့် အစိုးရအဆက်ဆက်မှဆောင် ရွက်ခဲ့သည့် စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့်ရပ်တန့်နေရသည့် စီမံကိန်းနှင့်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင် ရေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များကို ဆက်လက် အကောင်အထည်ဖော်နိုင် ရေး ပြန်လည်စိစစ်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အချို့စီမံကိန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေး ယူဆောင်ရွက်ရခြင်းများရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ် တကျရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့်စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် မိမိတို့လူမျိုးများအနေဖြင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေ သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်ထိုက်သင့်တဲ့တိုးတက်မှုများရရှိရန်အတွက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အစိုးရကချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောဆိုသည်။
#PeopleMedia