• Follow Us on

Home အချို့အနုပညာရှင်များသည် အောင်မြင်မှုကိုအခွင့်ကောင်းယူ၍ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှားကာ ရပ်တည်လှုပ်ရှားနေမှုများကိုတွေ့မြင်နေရကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

အချို့အနုပညာရှင်များသည် အောင်မြင်မှုကိုအခွင့်ကောင်းယူ၍ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှားကာ ရပ်တည်လှုပ်ရှားနေမှုများကိုတွေ့မြင်နေရကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

အချို့အနုပညာရှင်များသည် အောင်မြင်မှုကို အခွင့်ကောင်းယူ၍ ပြည်သူများအပေါ် မလျော်မကန်ပြုကျင့် ဆောင်ရွက်မှုများ၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှားကာ ရပ်တည်လှုပ်ရှား နေမှုများကို တွေ့မြင်နေရ၍ လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်‌နေ့တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုလူငယ် မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ရွှေကြိုမောင်မယ်များသည် လူငယ်များဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုး အားထားပြုနိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း ကောင်းမွန်စေရန် ယခုကတည်းက ဖြည့်ကျင့်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ တော်အစိုးရက လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့သည် နောင် တစ်ချိန်တွင် အောင်မြင်သည့် အနုပညာရှင်များဖြစ်စေရမည်ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကြိုးစားဆောင်ရွက်ရန်လိုသကဲ့သို့ ဥပဒေစည်းကမ်းများကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ပြောသည်။

 

သို့မှသာ နိုင်ငံကိုအကျိုးပြုသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အချို့အနုပညာရှင်များ သည် အောင်မြင်မှုကို အခွင့်ကောင်းယူ၍ ပြည်သူများအပေါ် မလျော်မကန်ပြုကျင့်ဆောင်ရွက်မှုများ၊ နိုင်ငံ့ အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှားကာ ရပ်တည်လှုပ်ရှားနေမှုများကို တွေ့မြင် နေရ၍ လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ၎င်းတို့အား သင်ခန်းစာယူ၍ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး ရုပ်ရှင်လောကကို ကောင်းကျိုးပြုနိုင်မည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန် ကြိုးစားကြ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post