• Follow Us on

Home အခြားအဆင့်ဝင်ရောက်မှုလျော့နည်းနေတာကို ကိုင်တွယ်ဆောင်ရွက်ဖို့ တပ်သားသစ်စုဆောင်းရေးမဟာဗျူ ဟာ အလုံးစုံပြုပြင်ပြောင်းလဲတော့မှာဖြစ်ကြောင်း အမေရိကန်ကြည်းတပ် ပြော

အခြားအဆင့်ဝင်ရောက်မှုလျော့နည်းနေတာကို ကိုင်တွယ်ဆောင်ရွက်ဖို့ တပ်သားသစ်စုဆောင်းရေးမဟာဗျူ ဟာ အလုံးစုံပြုပြင်ပြောင်းလဲတော့မှာဖြစ်ကြောင်း အမေရိကန်ကြည်းတပ် ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅

 

အမေရိကန်တပ်မတော်တွင်း အခြားအဆင့်များဝင်ရောက်မှုလျော့နည်းနေခြင်းကို ကိုင်တွယ်ဆောင်ရွက်ဖို့အ တွက် တပ်သားသစ်စုဆောင်းရေးမဟာဗျူဟာတွေကို အလုံးစုံပြုပြင်ပြောင်းလဲတော့မှာဖြစ်ကြောင်း အမေရိကန် ကြည်းတပ်က ကြေညာလိုက်ပါတယ်။

 

ကြည်းတပ်အနေနဲ့ ဘဏ္ဍာရေးနှစ် ၂ နှစ်ဆက်တိုက် တပ်သားသစ်စုဆောင်းရေးရည်မှန်းချက်ကို ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

 

အမေရိကန်ကြည်းတပ်ဟာ အထက်တန်းကျောင်းပြီးခါစ လူငယ်တွေထက် ကောလိပ်တက်ရောက်ပြီးသား လူ ငယ်တွေကို ပိုမိုအာရုံစိုက်စုဆောင်းသွားမှာဖြစ်တယ်လို့ ကြည်းတပ်က ပြောပါတယ်။

 

လုပ်သားဈေးကွက် အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ဆို ပါတယ်။

 

“လက်ရှိအချိန်မှာ ကျွန်မတို့ကြည်းတပ်ရဲ့ နှစ်စဉ်ကန်ထရိုက်စာချုပ်တွေမှာ အထက်တန်းကျောင်းထွက်တွေ ၅၀ ရာခိုင်နှုန်းကျော်ပါဝင်ဖွဲ့စည်းထားပေမဲ့ ကျွန်မတို့ စုဆောင်းနိုင်ခဲ့တဲ့ တပ်သားသစ်တွေထဲမှာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပဲရှိပါတယ်။” လို့ ကြည်းတပ်အတွင်းဝန် ခရစ္စတီးဝါးမတ်သ်က ပြောပါတယ်။

 

“ဒါက အထက်ကျောင်းထွက်ဈေးကွက်အပြင် ကောလိပ်ဈေးကွက်နဲ့ အလုပ်အကိုင်ဈေးကွက်အပြင်ဘက်ကို ရောက်ရှိနေတဲ့ အမေရိကန်တွေကို ဆွဲဆောင်နိုင်ပြီး တပ်ထဲဝင်လာအောင် စည်းရုံးနိုင်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

ကြည်းတပ်အနေနဲ့ ၎င်းတို့စုဆောင်းမယ့် တပ်သားသစ်တွေထဲက အနည်းဆုံး သုံးပုံတစ်ပုံဟာ ၂၀၂၈ ခုနှစ်မှာ အထက်ကျောင်းပြီးထားတဲ့လူငယ်တွေဖြစ်ရမယ်လို့ ရည်မှန်းထားကြောင်း ခရစ္စတီးဝါးမတ်သ်က ပြောပါတယ်။

 

အလုံးစုံပြုပြင်ပြောင်းလဲရေးရဲ့ နောက်ထပ်အဓိကအစိတ်အပိုင်းတစ်ခုကတော့ တပ်သားသစ်စုဆောင်းရေးလုပ် ငန်းတစ်ခုတည်းကိုပဲ အာရုံစိုက်မြှုပ်နှံထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖန်တီးဖွဲ့စည်းရေးဖြစ်ပါတယ်။

 

တပ်သားသစ်စုဆောင်းရေးအတွက် ကြုံရာကျပန်း တာဝန်ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေအပေါ် မှီခိုအားထားနေ မယ့်အစား 42T လို့ လူသိများတဲ့ “တပ်သားသစ်စုဆောင်းရေးအထူးကျွမ်းကျင်တဲ့ အချိန်ပြည့်တာဝန်ထမ်း ဆောင်မယ့် တပ်ဖွဲ့တစ်ဖွဲ့” ကို အမေရိကန်ကြည်းတပ်က ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ အမေရိကန်ကြည်းတပ် တပ်သားသစ်စုဆောင်းရေးဌာနချုပ် (US Army Recruiting Command) ကိုလည်း ကြယ်နှစ်ပွင့်ဗိုလ်ချုပ် (မြန်မာလိုဗိုလ်ချုပ်) အုပ်ချုပ်တဲ့ဌာနချုပ်အဆင့်ကနေ ကြယ်သုံး ပွင့်ဗိုလ်ချုပ် (မြန်မာလိုဒုတိယဗိုလ်ချုပ်ကြီး) အဆင့်အထိ တိုးမြှင့်ပေးလိုက်သလို အဲဒီဌာနချုပ်မှူးဟာလည်း လေးနှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်မတို့ခေါင်းဆောင်တွေ ရှေရှည်တည်တံ့တဲ့အကျိုးသက်ရောက်မှုရရှိရေး ဆောင်ရွက်ဖို့လိုအပ်တဲ့ အခွင့်မအ လမ်း၊ အချိန်နဲ့အတူ သူတို့ကို လုပ်ပိုင်ခွင့်တွေပေးအပ်ဖို့ လိုပါတယ်။ ကြည်းတပ်ထဲမှာ တပ်သားသစ်စုဆောင်း ရေးဆိုတာ အရေးအကြီးဆုံးစစ်ဆင်ရေးတာဝန်တွေထဲက တာဝန်တစ်ရပ်ပါ။ အခုဆောင်ရွက်မယ့်ပြောင်းလဲမှု တွေက အဲဒီအရေးကြီးမှုတွေကို ထင်ဟပ်ပေါ်လွင်စေပါလိမ့်မယ်။” လို့ ဝါးမတ်သ်က ပြောပါတယ်။

 

ပြောင်းလဲမှုအစီအစဉ်တချို့ဟာ လာမယ့်ရက်ပေါင်း ၉၀ အတွင်း စတင်အကျိုးသက်ရောက်မှာဖြစ်ပေမဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တစ်ခုလုံးကတော့ လေးငါးနှစ် အချိန်ယူရဦးမှာဖြစ်ကြောင်း ကြည်းတပ်အတွင်းဝန် ခရစ္စတီးဝါးမတ်သ်က ပြောပါတယ်။

 

၂၀၂၂ ခုနှစ်အတွင်း တပ်သားသစ် ၆၀၀၀၀ စုဆောင်းနိုင်ဖို့ ရည်မှန်းချက်ချမှတ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် အကုန်မှာ အမေရိကန် ကြည်းတပ်ဟာ တပ်သားသစ် ၄၅၀၀၀ သာ စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: US Army Announces Sweeping Overhaul in Recruitment to Address Shortfalls

 

#PeopleMedia


Share this post