အခြေခံပညာကျောင်းတွေနဲ့ ကောလိပ်ကျောင်းတွေက ကျောင်းသားတွေကို ကျောင်းဝတ်စုံဝတ်ဆင်မှုစည်း ကမ်းလျှော့ချပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာန ညွှန်ကြား

PUBLISHED - May 17, 2024
နိုင်ငံတကာ၊ မေ ၁၇
ကျောင်းသားတွေနဲ့ ၎င်းတို့မိဘတွေ ကျောင်းဝတ်စုံအတွက် အသုံးစရိတ်ချွေတာသုံးစွဲနိုင်အောင် ကျောင်းဝတ်စုံ ဝတ်ဆင်မှုစည်းကမ်းတွေ လျှော့ပေးဖို့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေနဲ့ ကော လိပ်ကျောင်းတွေကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
ကျောင်းသားတွေအနေနဲ့ ကျောင်းဝတ်စုံစည်းမျဉ်းအတိုင်း အတိအကျ လိုက်နာစရာမလိုဘဲ သင့်တင့်လျောက် ပတ်တဲ့ဝတ်စုံနဲ့ ဖိနပ်ကို ဝတ်ဆင်ခွင့်ပြုနိုင်ရေးအတွက် ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားဖို့ ပညာရေး ဝန်ကြီး ဖမ်ဖောင်းချစ်ချုပ်ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။
ကျောင်းဝတ်စုံဝတ်ဆင်မှု စည်းကမ်းချက်လျှော့ပေးတဲ့အတွက် ကျောင်းသားတွေထံက ရရှိတဲ့သတင်းအချက်အ လက်တွေနဲ့အညီ ကျောင်းအလိုက်ဆောင်ရွက်ချက်တွေရဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးရုံးကို ပြန်လည်တင် ပြဖို့လည်း အဆိုပါကျောင်းတွေနဲ့ ကောလိပ်တွေက အမှုဆောင်အရာရှိတွေကို ညွှန်ကြားထားပါတယ်။
ပညာရေးအောင်မြင်မှုရရှိဖို့ ကြိုးပမ်းရာမှာ ကျောင်းသားများ၊ မိဘများ၊ ဆရာများနဲ့ ကျောင်းဝန်ထမ်းများအပေါ် ဝန်မပိစေဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ “ချမ်းသာပျော်ရွှင် လေ့လာသင်” ဆောင်ပုဒ်နဲ့အညီ အခုလို ကျောင်းဝတ်စုံ ဝတ်ဆင်မှုစည်းကမ်းကိုလျှော့ပေးခဲ့တာဖြစ်ကြောင်း လည်း ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။
ကျောင်းဖွင့်ရာသီအစမှာ ကျောင်းဝတ်စုံသစ်နဲ့ ဖိနပ်သစ်တွေအတွက် ကျခံရတဲ့အသုံးစရိတ်တွေကြောင့် မိဘ တွေနဲ့ အုပ်ထိန်းသူတွေအပေါ် ဘဏ္ဍာရေးဝန်ပိမှုတွေကို လျော့ကျစေချင်တဲ့အတွက် အခုညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ပညာရေးဝန်ကြီး ဖမ်ဖောင်းက သောကြာနေ့ (မေလ ၁၇ ရက်နေ့) က ပြောပါတယ်။
“လက်ရှိ စီးပွားရေးအခြေအနေကြောင့် မိသားစုဝင်တွေရဲ့ အသုံးစရိတ်ကို ချွေတာသုံးစွဲနေကြရပါတယ်။” လို့ ဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းအများစုဟာ မေလ ၁၆ ရက်နေ့ (ကြာသပတေး) က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ် ပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာသင်ကျောင်းတွေမှာ အခုလို ကျောင်းဝတ်စုံဝတ်ဆင်မှုစည်းကမ်းလျှော့ ချပေးနိုင်တဲ့ အခွင့်အာဏာရှိပေမဲ့ သက်ဆိုင်ရာကျောင်းအုပ်ချုပ်သူတွေ ဆောင်ရွက်တဲ့အခါ ပညာရေးဝန်ကြီးက ဒီကိစ္စကို ခွင့်ပြုထောက်ခံထားတယ် ဆိုတဲ့စိတ်နဲ့ စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး အခုလို ညွှန် ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ဝန်ကြီး ဖမ်ဖောင်းက ပြောပါတယ်။
Ref: Education Ministry tells schools, colleges to ease student uniform rules
#PeopleMedia