• Follow Us on

Home အခြေအနေမရေရာသော်လည်း ၎င်းတို့ဝန်ကြီးချုပ်လောင်းထောက်ခံမဲရမယ်လို့ ဖီယူထိုင်းပါတီယုံကြည်ဆဲဖြစ်

အခြေအနေမရေရာသော်လည်း ၎င်းတို့ဝန်ကြီးချုပ်လောင်းထောက်ခံမဲရမယ်လို့ ဖီယူထိုင်းပါတီယုံကြည်ဆဲဖြစ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

ဖီယူထိုင်းပါတီက တင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းဟာ လာမယ့်ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ လွှတ်တော်အမတ် တွေရဲ့ထောက်ခံမဲရရှိလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပါတီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် အခြေအနေတွေပြောင်းလဲသွားနိုင်ကြောင်း၊ ပလန်ပရာချာရတ် (PPRP) ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်းဖြစ်သူ ပရာဝတ်ဝေါင်ဆူဝန်ဟာ ဖီယူထိုင်းပါတီက သင်းကွဲအုပ်စုတွေရဲ့ ထောက်ခံမဲနဲ့ ဝန်ကြီးချုပ်ဖြစ်လာနိုင်သေးကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

လွှတ်တော်ဥက္ကဋ္ဌဝန်မူဟမ်မက်နော်မာသာက ဒီနေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာ လာမယ့်ဝန်ကြီးချုပ်ရွေးချယ်ပွဲ အတွက် ရက်သတ်မှတ်မလားဆိုတာကို စောင့်ကြည့်နေကြကြောင်း ၎င်းက ပြောပါတယ်။

 

ရွေးချယ်ပွဲမတိုင်ခင် သုံးရက်ကြိုပြီးကြေညာရမှာဖြစ်ကြောင်း၊ ရွေးချယ်ပွဲကို သောကြာနေ့ (သြဂုတ်လ ၁၈ ရက် နေ့) ကျင်းပမယ်ဆိုရင် ရက်သတ်မှတ်ဖို့ ဒီကနေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာကြေညာရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဖီယူထိုင်းပါတီက စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ လက်ရှိအချိန်မှာ ပါတီရဲ့ဝန်ကြီးချုပ်လောင်းဆရက်သာသာဗီ ဆင် တခြားပါတီတွေက ထောက်ခံမဲရရှိဖို့အတွက် စုဝေးတိုင်ပင်လျက်ရှိကြေင်း ၎င်းက ပြောပါတယ်။

 

ဖီယူထိုင်းပါတီဟာ ထိုင်းဘုရင်စနစ်ကိုကာကွယ်ထားတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့အတွက် အထက်လွှတ်တော်အမတ်တွေဟာ ဖီယူထိုင်းပါတီကတင်သွင်းမယ့် ဝန်ကြီး ချုပ်လောင်းကို မဲပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

တကယ်လို့ အထက်လွှတ်တော်အမတ်တွေဟာ မစ္စတာဆရက်သာကို ထောက်ခံမဲမပေးခဲ့ဘူးဆိုရင် ဖီယူထိုင်း ပါတီအလှည့်စားခံလိုက်ရပြီဆိုတဲ့ သဘောသက်ရောက်ကြောင်း၊ အဲဒီလိုဖြစ်ခဲ့ရင် ဖီယူထိုင်းပါတီဟာ ဗိုလ်ချုပ် ကြီး ပရာဝတ်ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် ဒိုင်ဗင်ဘုတ်တစ်ချပ်လို အသုံးချခံလိုက်ရတာသာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အထက်လွှတ်တော်အမတ်တွေဟာ ဖီယူထိုင်းပါတီကတင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းတွေကိုထောက်ခံမဲ ပေးမှာမဟုတ်ဘဲ ရှေးရိုးစွဲဝါဒီတွေထဲက ဝန်ကြီးချုပ်လောင်းကိုသာ ရွေးချယ်သွားမှာဖြစ်တယ်လို့ လေ့လာသူတ ချို့က ခန့်မှန်းထားကြပါတယ်။

 

ဖုန်ဂျိုင်ထိုင်းပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း အနူတင်ချန်ဗီရာကူလ် ဖြစ်စေ ဗိုလ်ချုပင်ကြီး ပရာဝတ်ဖြစ် စေ လက်ရှိအခြေအနေထဲကနေ အကျိုးအမြတ်ရသွားနိုင်ကြောင်း ၎င်းတို့က ပြောပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ နောက်ထပ်ဝန်ကြီးချုပ်လောင်းနှစ်ဦးကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီး ပဲထောင်တန်ရှင်နာဝပ်ထရာနဲ့ ချိုင်ကာဆမ်နီတီဆရီတို့ပဲဖြစ်ပါတယ်။

 

Ref: PM candidate faces vote uncertainty

 

#PeopleMedia


Share this post