အခြေအနေများပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လိုအပ်သောပြန်လည်တုံ့ပြန်မှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်း တပ်ချုပ် ပြောကြား
PUBLISHED - November 9, 2023
နေပြည်တော်၊ နိုဝင်ဘာ ၉
အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန် နေ့က နေပြည်တော်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြော ကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က MNDAA အနေဖြင့် “ဝ” နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများလုပ် ဆောင်ခဲ့ပြီး အဓိကအင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှချင်းရွှေဟော် သို့ဖြတ် ဝင်၍တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါမနက်ပိုင်းတွင် နမ့်တစ်ချောင်း အားဖြတ်ကူး ၍ ချင်းရွှေဟော်အား အလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ဒေသရှိ လုံခြုံရေးစခန်း များမှာ စစ်ဆင်ရေးစခန်းများမဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းများသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Drone များအသုံးပြု၍ Drop Bomb များ အများအပြားအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် MNDAA နှင့်အတူ KIA ၊ TNLA၊ AA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များပါဝင်ခဲ့သည်ကို တွေ့ ရကြောင်း၊ ပြောသည်။
၎င်းတို့အနေဖြင့်တစ်ဖက်မှ ချင်းရွှေဟော်အားတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင်လာသည့် အဖွဲ့များဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း၊ TNLA က လည်း သိန္နီကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ် တောက်နိုင်အောင် တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နောင်ချိုအနီး မန္တလေး-လားရှိုး ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ MNDAA မှတိုက်ခိုက်လျက်ရှိချိန်တွင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စခန်းငယ်တစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တုန့်ပြန်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ MNDAA အဖွဲ့အနေ ဖြင့်လည်း ထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူဆယ်နှင့် ချင်းရွှေဟော်ဒေသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် လမ်းကြောင်းဖြစ်သည်ကို MNDAA အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ လာမည့်နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ဖွင့် လှစ်ရန်အတွက် စီစဉ်ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ၌ MNDAA က ၎င်းဒေသကိုတိုက် ခိုက်လာသည်မှာ များစွာသတိပြုသင့်သော အချက်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆံများတရုတ် နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက်တာဝန်ရှိသူများကဖြေရှင်းဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ် ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင် ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ သို့သော် တစ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိကြောင်း၊ သာမန်အရပ်သူ၊ အရပ်သားများ ထိခိုက် အောင် လုပ်ဆောင်နေမှုများရှိကြောင်း ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း ပွဲလန့် တုန်းဖျာခင်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများတွင် PDFအမည်ခံအကြမ်းဖက်သောင်းကျန်း သူများက ဝင်ရောက်တိုက်ခိုက်မှုများ လုပ် ဆောင်လာကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်း သူများနှင့်အတူ KIA နှင့် AA အဖွဲ့တို့လည်းပါဝင်သည်ကိုတွေ့ရကြောင်း၊ အချုပ်အခြာ အာ ဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်များမထိခိုက်စေရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့်လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
#PeopleMedia