အခွင့်သာတာနဲ့ ရုရှားက ထိုးစစ်ဆင်နွှဲမယ်လို့ ရုရှားအထက်လွှတ်တော်အမတ်ပြော
PUBLISHED - August 7, 2023
နိုင်ငံတကာ၊ သြဂုတ် ၇
မြေပြင်အခြေအနေ အခွင့်သာတာနဲ့ ရုရှားတပ်တွေဟာ ထိုးစစ်ဆက်လက်ဆင်နွှဲသွားမှာဖြစ်ကြောင်း ရုရှားအ ထက်လွှတ်တော် ရုရှားဖက်ဒရေးရှင်းကောင်စီ ကာကွယ်ရေးကော်မတီဝင် အထက်လွှတ်တော်အမတ် ဒီမီထရီ ပါမီနော့ဗ်က ပြောကြားလိုက်ပါတယ်။
“လက်ရှိအချိန်မှာ ယူကရိန်းတပ်တွေကို ကျွန်တော်တို့ ချေမှုန်းနေပါတယ်။ ကျွန်တော်တို့တပ်တွေအတွက် မြေ ပြင်အခြေအနေအခွင့်သာတာနဲ့ ထိုးစစ်ကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်ပါတယ်။” ပါမီနော့ဗ်က URA.RU သ တင်းဌာနနဲ့ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရကြား စေ့စပ်ညှိနှိုင်းမှုတွေ မကြာခင်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သံသယရှိ ကြောင်း အထက်လွှတ်တော်အမတ် ပါမီနော့ဗ်က ပြောပါတယ်။
“အမေရိကန်သခင်ကြီးတွေက ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း ထိုင်ခွင့် မပြုဘူးလေ။ ဒါ့အပြင် အဲဒီသခင်ကြီးတွေအမိန့်အရ ဇီလန်စကီးကို ရုရှားနဲ့ စေ့စပ်ညှိနှိုင်းခွင့် တိုက်ရိုက် ပိတ်ပင် ထားတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပါတယ်။” လို့ ပြီးခဲ့တဲ့ဆောင်းဦးက ယူကရိန်းနိုင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေ ကို ရည်ညွှန်းပြီး ပါမီနော့ဗ်က ပြောပါတယ်။
ယူကရိန်းကရေရှည်ပြင်ဆင်ထားပြီး ဇွန်လ အစောပိုင်းက စတင်ခဲ့တဲ့ တန်ပြန်ထိုးစစ်ဟာလည်း အောင်မြင်မှုမရ ရှိတဲ့အပြင် ယူကရိန်းတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ ဒဏ်ရာရ/ သေဆုံးခဲ့ကြပြီး အနောက်နိုင်ငံတွေကထောက်ပံ့ထား တဲ့ လက်နက်တွေလည်းဆုံး ရှုံးခဲ့ကြရတယ်လို့ ပါမီနော့ဗ်က ပြောပါတယ်။
အဲဒီလိုတန်ပြန်ထိုးစစ် ဘာမှတိုးတက်မှုမရှိတာကြောင့် ယူကရိန်းကို ကိုင်တွယ်ထိန်းကျောင်းနေတဲ့အနောက် အုပ်စုနိုင်ငံတွေ ဒေါသဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ယူကရိန်းတန်ပြန်ထိုးစစ် တိုးတက်မှုမပြနိုင်တဲ့အပြင် ဆုံးရှုံးမှုအများအပြားနဲ့ ရင်ဆိုင်နေရတာနဲ့ ယူကရိန်းတပ်ဖွဲ့ တွေရဲ့နည်းဗျူဟာတွေကို အနောက်နိုင်ငံ တွေက ဝေဖန်နေကြကြောင်း ပါမီနော့ဗ်က ပြောပါတယ်။
“ယူကရိန်း တန်ပြန်ထိုးစစ်ရဲ့ရလဒ်ကို သူတို့ရဲ့အနောက်တိုင်း သခင်ကြီးတွေ မကျေနပ်ကြဘူးလို့ ကျွန်တော်တို့ သိရပါတယ်။ သူတို့က အဲဒီအခြေအနေထက် အများကြီးပိုပြီး မျှော်လင့်ထားတာပါ။ အဲဒီမကျေနပ်မှုတွေဟာ တိုက်ရိုက် စတင်ထွက်ပေါ်လာတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“တန်ပြန်ထိုးစစ်ဆင်နွှဲလာတာ လက်ရှိအချိန်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပေမဲ့ ယူကရိန်းနိုင်ငံသားတွေအ တွက် ဘာတစ်ခုမှ အောင်မြင်မှုမရသေးပါဘူး။ ယူကရိန်းစစ်သည်တွေ အများအပြားကျဆုံးတာရယ်၊ အင်အား တွေယုတ်လျော့သွားတာရယ်၊ အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့လက်နက်တွေ ပျက်စီးဆုံးရှုံးသွာတာ ရယ်ပဲရှိပါတယ်။” လို့ ပါမီနော့ဗ်က ပြောပါတယ်။
Ref: Russian senator promises new offensive in Ukraine
#PeopleMedia