အင်္ဂပူမြို့နယ်၊ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးခံထားရ

PUBLISHED - November 19, 2021
ဧရာဝတီ၊ နိုဝင်ဘာ ၁၉ (People Media)
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လွှတ်တော်နေရာများ၌ ဝင် ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး အဖမ်းခံထားရကြောင်း သိရပါတယ်။
ပြီးခဲ့သည့်လပိုင်းက အင်္ဂပူမြို့နယ်၊ ပြည်သူ့ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မများဖြင့် ဖမ်းဆီးခဲ့ပြီး ယခုရက်ပိုင်းတွင် ထပ်မံ၍ ကျန်သည့် ကိုယ်စားလှယ်လောင်းနှစ်ဦး ဆက်လက်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
“ဟုတ်တာကတော့ ဟုတ်ပါတယ်။ တစ်ဦးခြင်းစီ အဖမ်းခံရတာ လတွေလည်း မတူပါဘူး အချိန်တွေလည်း မတူပါဘူး။ ပထမတစ်ယောက်က ပြီးခဲ့တဲ့ လေးလထဲလောက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ များနဲ့ အဖမ်းခံရတာ။ နောက်တစ်ယောက်က ပြီးခဲ့တဲ့ တစ်ပတ်လောက်က အဖမ်းခံရတာ။ အခု နောက်ဆုံး တစ်ယောက်ကတော့ ဒီရက်ထဲပဲ အဖမ်းခံရတာဖြစ်ပါတယ်” ဟု ပြည်သူ့ပါတီ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။
အဆိုပါကဲ့သို့ ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရသည့်ဖြစ်စဉ်အပေါ် People Media က ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါတယ်။
Photo – ပြည်သူ့ပါတီ
#PeopleMedia #ပြည်သူ့ပါတီ #အင်္ဂပူမြို့နယ်
(unicode)
………………………………………………………