အင်ခိုင်ဘွမ်တောင်ပေါ်၌ စေတီတည်ဆောက်မှုအပြီးတိုင်ရပ်ဆိုင်းရန် ကချင်အမျိုးသားကွန်ဂရက်ပါတီက အစိုးရထံ တရားဝင်တင်ပြသွားမည်

PUBLISHED - January 18, 2021
ကချင်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ်၊ အင်ခိုင်ဘွမ်တောင်ပေါ်၌ စေတီတည်ဆောက်ရေးလုပ်ငန်းများအားလုံးကို အပြီးတိုင် ရပ်ဆိုင်း ရန် ကချင်ပြည်နယ်အစိုးရထံ တရားဝင်တင်ပြသွားမည်ဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက People Media သို့ ပြောသည်။
လက်ရှိ အင်ခိုင်ဘွမ်တောင်ပေါ်တွင် စေတီတည်ဆောက်နေမှုကို ကချင်ပြည်သူလူထုများ၊ ကရင်ရိုးရာယဉ်ကျေး မှုအဖွဲ့များ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)တို့မှ ကန့်ကွက်မှုကြောင့် စေတီတည်ဆောက်မှုကို ယာယီ ရပ်ဆိုင်းထားသည်။
“ဒီမြေနေရာက မြက်တစ်ပင်တောင် ခုတ်လို့မရတဲ့ ဇုန်ထဲမှာဖြစ်တယ်။ ဒါအပြင် အဲ့နေရာက သစ်တောကြိုးဝိုင်း နေရာမှာ အစိုးရခွင့်ပြုချက်မရဘဲ မြေရာရှင်းလင်းတာတွေ လုပ်နေတော့ ဥပဒေအရ လုပ်လို့မရပါဘူး။ ဒါကြောင့် တရားဝင်ပြောမယ်။ တာဝန်ယူရမယ့်ဌာနဆိုင်ရာ ငါးခုရှိတယ်။ အစိုးရတာဝန်ဝတ္တရားကို တကယ်ရော လုပ်ရဲ့ လားဆိုတဲ့မေးခွန်းတွေ ထွက်လာမှာပေါ့” ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ် ကောန်လက ပြောသည်။
အင်ခိုင်ဘွမ်နေရာကို ၂၀၁၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်ဟူ၍ သတ်မှတ်ထားသည့်နေရာဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်မှ ကျူးကျော်၍မရသလို ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေါက်တာအမ်ကောန်လကဆိုသည်။
အင်ခိုင်ဘွမ်တောင်ပေါ်တွင် စေတီတည်ဆောက်ရန် လူပုဂ္ဂိုလ်တစ်ချို့မှ မြေနေများရှင်းလင်းကာ သံကူကွန်က ရစ်များလောင်းထားသည့်အပြင် RC လောင်းရန် သံချောင်းများ ထောင်ထားပြီးဖြစ်သလို ဆောက်လုပ်ရေး ပစ္စည်းများသယ်ယူရန် ကားလမ်းများလည်း ဖောက်လုပ်ထားခြင်းကို ကရင်အဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ကန့်ကွက်နေခြင်းကြောင့် စေတီတည်ဆောက်မှုကို ယာယီရပ်ဆိုင်ထားသည်။
Photo – KNC
#PeopleMedia #KNC #ကချင်အမျိုးသားကွန်ဂရက်ပါတီ
(unicode)
………………………………………………………….
Photo – KNC