အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့သွားရန်မရှိဟုဆို

PUBLISHED - February 24, 2021
ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၄
မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီ လာရောက်မည်မဟုတ်ဟု အင်ဒိုနီးရှားနိုင်ငံခြားဝန်ကြီးဌာနပြောခွင့်ရသူက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
လက်ရှိအခြေအနေများနှင့် အခြားအာဆီယံနိုင်ငံများ၏ အားထုတ်မှုများကို ထည့်သွင်းစဉ်းစားပြီးနောက် ယခုအချိန်သည် မြန်မာနိုင်ငံသို့သွားရောက်ရန် အချိန်ကောင်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု တူကူ ဖိုင်ဇာယာကပြောသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်ရန်ခရီးစဉ်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား ရုံးစာများပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ဆုံးဖြတ်သည့်ဖြစ်စဉ်ဖြစ်လာသည်။
အင်ဒိုနီးရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကျင်းပပေးမည်ဆိုသောရွေးကောက်ပွဲကို လက်ခံနိုင်ရန်ညှိနှိုင်း မည်ဟု အစောပိုင်းတွင် သတင်းများရှိခဲ့သည်။
ထို့ကြောင့် ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒထုတ်ဖော်ခဲ့သည်။
Ref : Indonesia says foreign minister’s planned visit to Myanmar not going ahead
#PeopleMedia
(unicode)
……………………………………….
Ref : Indonesia says foreign minister’s planned visit to Myanmar not going ahead
#PeopleMedia