အင်ဒိုနီးရှားနိုင်ငံ ကလပ်တစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့

PUBLISHED - January 26, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ပါပူဝါးပြည်နယ်၊ ဆိုရွန်းမြို့ ကလပ်တစ်ခုတွင် အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားပြီး ကလပ်အတွင်း မီးလောင်မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။
ဆိုးရွန်းမြို့ရှိ Double O ကလပ်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ညပိုင်းက အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားမှုကြောင့် မီး စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုတွင် ကလပ် ဒုတိယထပ်ရှိ လူ ၁၇ နှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်းနှင့် တစ်ဦးမှာ ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။
လူများကိုတတ်နိုင်သမျှ ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း နံနက်ပိုင်းအချိန်မှ မီးငြိမ်းသွားသည့်အတွက် အလောင်းများကိုသာ တွေ့ရှိခဲ့ရပြီး ရုပ်အလောင်းများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ မီးလောင်မှု၊ ဓါးထိုးခံရမှုများနှင့်ပတ်သက်၍ ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဆိုးရွန်းမြို့ ရဲဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကိုးကား – AFP
Ref; At least 18 dead after clash, fire at club in Indonesia’s West Papua
#PeopleMedia #EPN
(unicode)
………………………………………………………………
Ref; At least 18 dead after clash, fire at club in Indonesia’s West Papua
#PeopleMedia #EPN