အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ နှာခေါင်းစည်းဝတ်ဆင်ခြင်းမရှိသော နိုင်ငံခြားသားများကို ဒိုက်ထိုးခြင်းဖြင့် အပြစ်ပေး

PUBLISHED - January 21, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)
အင်ဒိုနီးရှားနိုင်ငံ၊ အပန်းဖြေကျွန်း ဘာလီ၌ နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိသော နိုင်ငံခြားသားများကို ပုံ မှန်မဟုတ်သော အရေးယူအပြစ်ပေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်သံဗွီဒီယိုများတွင် တီရှပ်နှင့် ဘောင်းဘီတို ဝတ်ဆင်ထားသော ကမ္ဘာလှည့်ခရီးသွားများက နှာခေါင်းစည်းတပ်ဆင်ထားသည့် လုံခြုံရေး တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ပူပြင်းသောရာသီ၌ ချွေးသံရဲရဲဖြင့် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပုံကို ပြသထားသည်။
အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတိုက်ဖျက်ရန် ရုန်းကန်ရလျက်ရှိရာ ဘာလီအာဏာပိုင် များက ပြီးခဲ့သည့်နှစ်အတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများ၌ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် အ မိန့်ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း မကြာသေးမီက နှာခေါင်းစည်းဝတ်ဆင်ခြင်းမရှိသော နိုင်ငံခြားသားအချို့ကို တွေ့မြင်ခဲ့ရ ကြောင်း လုံခြုံရေး တာဝန်ရှိသူ ဂတ်စတီကီတွပ်က ပြောသည်။
နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော နိုင်ငံခြားသား ၇၀ ကျော်က ဒဏ်ကြေး ရူပီးတစ်သိန်း (၇ ဒေါ်လာ) ပေးချေခဲ့ကြသော်လည်း အာဏာပိုင်များက ငွေသားမရှိသည့် အခြား ၃၀ အတွက် ဒဏ်ကြေးအဖြစ် ဒိုက်ထိုးခိုင်းခဲ့သည်။
နှာခေါင်းစည်းမရှိသော နိုင်ငံခြားသားတစ်ဦးလျင် အကြိမ် ၅၀ ဒိုက်ထိုးခဲ့ရပြီး နှာခေါင်းစည်းရှိသော်လည်း မဝတ်ဆင်သည့် နိုင်ငံခြားသားက အကြိမ် ၃၀ ဒိုက်ထိုးခဲ့ရကြောင်း သိရသည်။
ကိုးကား – စီအင်န်အေ
Ref; Foreigners without face masks punished with push-ups in Bali
(unicode)
…………………………………………………….
Ref; Foreigners without face masks punished with push-ups in Bali