
PUBLISHED - December 3, 2019
Ref; Straitstimes
(Unicode)
အင်ဒိုနီးရှား သမ္မတအိမ်တော်အနီး ဗုံးပေါက်ကွဲ၊ စစ်သား ၂ ဦးဒဏ်ရာရ
…………………………………………………………………
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာက သမ္မတအိမ်တော်အနီး အမျိုးသားပန်းခြံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အင်ဒိုနီးရှားစစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့ကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ သမ္မတ ဂျိုကိုဝီဒိုဒို သမ္မတအိမ်တော်မှာ ရှိမနေဘူးလို့ သမ္မတအိမ်တော် ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ မီးခိုးဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ ဂျာကာတာ ရဲဌာနက ပြောကြားထားပါတယ်။
မီးခိုးဗုံးကို လက်နဲ့ကိုင်ခဲ့တဲ့ အင်ဒိုနီးရှားစစ်သားတစ်ဦးကတော့ လက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရစစ်သား ၂ ဦးလုံးကို ဆေးရုံပို့ထားပြီး စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
Ref; Straitstimes
#PeopleMedia #International