အင်ဒိုနီးရှား မြို့တော်တွင်း လမ်းဘေးဈေးသည်များ တရားဝင်ဈေးရောင်း ခွင့်ပြုရန်ရှိနေ
PUBLISHED - September 13, 2019
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာ မြို့တော်ဝန်ဟာ မြို့တွင်းက လမ်းဘေးဈေးသည်တွေ ကို လူသွားပလက်ဖောင်းမှာ တရားဝင်ဈေးရောင်းချခွင့်ပြုဖို့ စီစဉ်လျက်ရှိနေပါတယ်။
ဂျာကာတာ မြို့လယ်မှာ နေ့လည်နေ့ခင်းအချိန် လူသွားပလက်ဖောင်းတွေမှာ လမ်းဘေးဈေးသည်တွေဟာ မုန့်နဲ့ အအေးတွေကိုရောင်းချလျက်ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လမ်းဘေးဈေးသယ်တွေဟာ ဥပဒေအရ တရားမ၀င်ဖြစ်ပါတယ်။
ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ ဂျာကာတာ မြို့တော်ဝန်က မြို့တော်တွင်း လမ်းဘေးဈေးသည်တွေကို တရားဝင်ဈေးရောင်းချခွင့်ပေးလိုတဲ့ ဆန္ဒရှိနေပါတယ်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဥပဒေတွေအရ လူသွားပလက်ဖောင်းတွေမှာ အဟန့်အတားပြုလုပ်ခြင်းကို တားမြစ်ထားပေမယ့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းေ တွအတွက် ဥပဒေပြဌာန်းချက်မှာ လမ်းဘေးဈေးသည်တွေကို ပလက်ဖောင်းမှာ ဈေးရောင်းခွင့်ပြု ထားတယ်လို့ ဂျာကာတာ မြို့တော်ဝန်က ပြောပါတယ်။
“ ပလက်ဖောင်းတွေက သွားလာသူတွေနဲ့ တခြားအသုံးပြုတွေအတွက် တစ်မျိုးထက်ပိုပြီးဝန်ဆောင်မှုပေးနိုင်ပါတယ်။ ဒါပေမယ့် လမ်းဘေးဈေးသည်တွေအတွက် ပလက်ဖောင်းက လွတ်လပ်တယ်လို့တော့မှတ်ယူလို့မရပါဘူး။ ဒါက လူသွားလူလာအတွက်ပါ” လို့ ဂျာကာတာမြို့တော်ဝန်က ပြောပါတယ်။
ဂျာကာတာ မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ မြို့တော် ဂျာကာတာက လူသွားပလက်ဖောင်း တွေမှာ လမ်းဘေးဈေးသည်တွေ တရားဝင်ဈေးရောင်းချခွင့်ရရှိလာနိုင်ဖို့ရှိနေပါတယ်။
Ref;AFP