အင္ဒုိနီးရွားႏုိင္ငံ၌ က်င္းပသည့္ ေသနတ္ပစ္ၿပိဳင္ပြဲ၌ ျမန္မာ့တပ္မေတာ္မွ ေရႊ၊ ေငြ၊ ေၾကးဆုမ်ား အသီးသီးရရွိ

PUBLISHED - November 28, 2019
ရန္ကုန္၊ ႏုိဝင္ဘာ – ၂၈
အင္ဒုိနီးရွားႏုိင္ငံ၌ က်င္းပသည့္ (၂၉) ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းသည္ ေရႊ၊ ေငြ၊ ေၾကးဆုမ်ား ရရွိခဲ့သည္။
အဆိုပါ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းတြင္ အသင္းေခါင္းေဆာင္ ဒုတိယဗိုလ္မွဴးႀကီးသိန္းစိုးထြန္း ဦးေဆာင္၍ အုပ္ခ်ဳပ္သူ၊ နည္းျပ ၁၇ ဦးႏွင့္ ေသနတ္ပစ္အား ကစားသမား ၁၆ ဦး စုစုေပါင္း ၃၃ ဦးတို႔သည္ ႏုိ၀င္ဘာ ၂၀ ရက္မွ ၂၅ ရက္အထိ က်င္းပျပဳလုပ္သည့္ (၂၉) ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံ တပ္မေတာ္(ၾကည္း) မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ပစၥတုိအမ်ဳိးသားအသင္း အားကစားသမား ေလးဦး၊ ပစၥတုိအမ်ဳိးသမီးအသင္း အားကစားသမား ေလးဦး၊ ကာဘုိင္အသင္း/႐ုိင္ဖယ္အသင္း အားကစားသမားေလးဦးႏွင့္ စက္ေသနတ္အသင္း အားကစားသမားေလးဦး စုစုေပါင္း ေသနတ္ပစ္ အားကစားသမား ၁၆ ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ကစားၾကသည္။
အသင္းလုိက္ အမွတ္ေပးၿပိဳင္ပြဲတြင္ ေရႊေလးခု၊ ေငြေလးခု၊ ေၾကးငါးခု၊ အသင္းလုိက္ ထိ၊ လဲ၊ ျပားၿပိဳင္ပြဲတြင္ ေရႊေလးခု၊ ေငြေလးခု၊ ေၾကးႏွစ္ခု စုစုေပါင္း ေရႊရွစ္ခု၊ ေငြရွစ္ခု၊ ေၾကးခုနစ္ခု ဆုမ်ား အသီးသီး ရရွိခဲ့သည္။
#PeopleMedia
(Unicode)
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် သေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်မှ ရွှေ၊ ငွေ၊ ကြေးဆုများ အသီးသီးရရှိ
…………………………………………………………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ – ၂၈
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ရွှေ၊ ငွေ၊ ကြေးဆုများ ရရှိခဲ့သည်။
အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြ ၁၇ ဦးနှင့် သေနတ်ပစ်အား ကစားသမား ၁၆ ဦး စုစုပေါင်း ၃၃ ဦးတို့သည် နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၉) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ပစ္စတိုအမျိုးသားအသင်း အားကစားသမား လေးဦး၊ ပစ္စတိုအမျိုးသမီးအသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစားသမားလေးဦးနှင့် စက်သေနတ်အသင်း အားကစားသမားလေးဦး စုစုပေါင်း သေနတ်ပစ် အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြသည်။
အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အသင်းလိုက် ထိ၊ လဲ၊ ပြားပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးနှစ်ခု စုစုပေါင်း ရွှေရှစ်ခု၊ ငွေရှစ်ခု၊ ကြေးခုနစ်ခု ဆုများ အသီးသီး ရရှိခဲ့သည်။
#PeopleMedia