အင္းစိန္ရြာမပရိယတၱိစာသင္တိုက္ကို တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေငြက်ပ္ သိန္း ၅၀၀ ေက်ာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားကို လွဴဒါန္း
PUBLISHED - December 23, 2020
ရန္ကုန္၊ ဒီဇင္ဘာ – ၂၃
တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အင္းစိန္ရြာမပရိယတၱိစာသင္တိုက္ အတြက္ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ယေန႔ထုတ္ျပန္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕ရွိ အင္းစိန္ရြာမပရိယတၱိစာသင္တိုက္ႀကီးတြင္ သီတင္းသုံးေတာ္မူလ်က္ရွိ သည့္ ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ စာသင္သား သံဃာေတာ္မ်ားအတြက္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အေထာက္အကူျပဳ ပစၥည္းမ်ား၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၉)မွ အၿငိမ္းစားတပ္မ ေတာ္အရာရွိႀကီးမ်ား၏ သင္တန္းဆင္း ၄၃ ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴ ဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အင္းစိန္ရြာမပရိယတၱိ စာသင္တိုက္ႀကီးတြင္ သီတင္းသုံးေတာ္မူလ်က္ရွိသည့္ ဆရာေတာ္၊ သံဃာေတာ္အရွင္သူ ျမတ္မ်ားႏွင့္ စာသင္သားသံဃာေတာ္မ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ ယေန႔လွဴဒါန္း မႈအေနျဖင့္ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးအေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ KN-95 Mask ၁၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Examination Gloves ၂၀၀၀ ခု၊ Hand Gel 500 ml ၁၀၀ ဘူး၊ Hand Sanitizer 500 ml ၂၀၀ ဘူး၊ ဆန္ ၂၀၀ အိတ္၊ ဆီ ၁၀၀ ပိႆာ၊ ပဲ ၁၀၀၀ ပိႆာႏွင့္ ေငြက်ပ္ သိန္း ၅၀၀ တို႔ျဖစ္ေၾကာင္းသိရသည္။
စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉)မွ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ား၏ သင္တန္းဆင္း ၄၃ ႏွစ္ေျမာက္ အထိမ္းအမွတ္လွဴဒါန္းမႈအေနျဖင့္ ဆန္ ၉၁ အိတ္၊ ဆီ ၁၉၀ ပိႆာ၊ ပဲ ၁၉၀ ပိႆာ၊ ေစာင္ ၂၁၂ ထည္ႏွင့္ ေငြက်ပ္ ၄၃ သိန္းတို႔ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ လွဴဒါန္းမႈမ်ားကိုလဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆပ္ကပ္ခဲ့သည္။
#PeopleMedia # အင္းစိန္ရြာမပရိယတၱိစာသင္တိုက္ #လွဴဒါန္း
(unicode)
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်း
……………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ – ၂၃
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိ သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သား သံဃာတော်များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မ တော်အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များနှင့် စာသင်သားသံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ယနေ့လှူဒါန်း မှုအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ KN-95 Mask ၁၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Examination Gloves ၂၀၀၀ ခု၊ Hand Gel 500 ml ၁၀၀ ဘူး၊ Hand Sanitizer 500 ml ၂၀၀ ဘူး၊ ဆန် ၂၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ငွေကျပ် သိန်း ၅၀၀ တို့ဖြစ်ကြောင်းသိရသည်။
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်လှူဒါန်းမှုအနေဖြင့် ဆန် ၉၁ အိတ်၊ ဆီ ၁၉၀ ပိဿာ၊ ပဲ ၁၉၀ ပိဿာ၊ စောင် ၂၁၂ ထည်နှင့် ငွေကျပ် ၄၃ သိန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ လှူဒါန်းမှုများကိုလဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆပ်ကပ်ခဲ့သည်။
#PeopleMedia # အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် #လှူဒါန်း