အင်းစိန်ထောင်၌ ယခင် NLD အစိုးရ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တာနယ် အပါအဝင် အကျဉ်း သား/သူ (၆၁၀) နှင့် နေပြည်တော်၌ အချုပ်သား (၃၆၀) တို့ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးကြောင်း န-စ-က ထုတ်ပြန်

PUBLISHED - July 29, 2021
ရန်ကုန်၊ ဇူလိုင် – ၂၉ (People Media)
အင်းစိန်ထောင်၌ ယခင် NLD အစိုးရ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တာနယ် အပါအဝင် အကျဉ်း သား/သူ (၆၁၀) နှင့် နေပြည်တော်၌ အချုပ်သား/သူ (၃၆၀) တို့ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးကြောင်း န-စ-က မှ ဇူလိုင်(၂၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားပါတယ်။
အင်းစိန်ထောင်၌ အချုပ်ကျခံနေရသည့် အချုပ်သားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရာ၌ ယခင် NLD အစိုးရ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တာနယ် ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်၌ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်၌ အကျဉ်းသား/သူ (၉၀၀၀)ကျော်ရှိပြီး ကိုဗစ်ကာကွယ် ဆေးထိုရန် အမည်စာရင်းပေးသွင်းထားသူ (၂၅၀၀) ကျော်ရှိကြောင်း န-စ-က ၏ ထုတ်ပြန်ချက်အရ သိရပါ တယ်။
#PeopleMedia #အင်းစိန်ထောင် #COVID-19
(unicode)
……………………………………………………