အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ

PUBLISHED - February 15, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးဝင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းကို ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ရုံးဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံး၏ ပြတင်းတံခါး မှန် ၃ ချပ်ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
#PeopleMedia
(unicode)
……………………………………………….
#PeopleMedia