အင်းစိန်မြို့နယ်၌ လက်လုပ်ဗုံး သယ်ဆောင်လာသည့် အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါလာ သူ ၃ ဦးအနက် နှစ်ဦး(သေ)၊ တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးရှိ ပြည်သူတစ်ဦး မိုင်းစ ထိမှန်သေဆုံး

PUBLISHED - February 2, 2022
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်အနီး၌ လက်လုပ်ဗုံးများ သယ်ဆောင်လာသည့် အိမ်စီးကားတစ်စီးသည် ပေါက်ကွဲမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါလာသူ ၃ ဦးအနက် နှစ်ဦး(သေ)၊ တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးရှိ ပြည်သူတစ်ဦး မိုင်းစထိမှန် ကွယ်လွန်ခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက လက်လုပ်ဗုံးများ သယ်ဆောင်လာသည့် မတ်တူးအမျိုးအစား ယာဉ်သည် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် မဂ္ဂလမ်းဆုံအနီး၌ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၃ ဦး အနက် နှစ်ဦး သေဆုံးပြီး တစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။
“ကားက ဗုံးပေါက်ပြီး စက်ဘီးကို ဝင်တိုက်တယ်။ စက်ဘီးစီးတဲ့သူက မိုင်းစထိမှန်ပြီး ကွယ်လွန်သွားတယ်။ အဲ့ဒီ ဖြစ်စဉ်ကြောင့် အနီးက ဟိုက်ဂျက်ယာဉ်ကလည်း သစ်ပင်ဝင်တိုက်မိသွားတယ်။ သူလည်း ဒဏ်ရာမစိုးရိမ်ရပါ ဘူး” လို့ ဖြစ်စဉ်အနီးရှိ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ လက်လုပ်မိုင်းပြုလုပ်စဉ်၊ သယ်ဆောင်စဉ်၊ မိုင်းထောင်ရန် ပြုလုပ် စဉ်၌ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
#PeopleMedia #အင်းစိန်မြို့
(unicode)
…………………………………………………………..