အင်းစိန်မြို့၊ တောင်သူကုန်းရပ်ကွက်စာရေး သေနတ်ပစ်ခံ၍ သေဆုံး

PUBLISHED - August 20, 2021
နေပြည်တော်၊ သြဂုတ် ၂၀ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်စာရေးတစ်ဦးသည် ယမန်နေ့ ညဦးပိုင်းက သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူစာရေးမှာ ရုံးမှ စက်ဘီးစီးပြီး ပြန်လာစဉ် လမ်းတစ်နေရာတွင် အမည်မသိ လူတချို့မှ သေနတ်ဖြင့် ဦးခေါင်းကို အနီးကပ်ပစ်ခတ်ခဲ့သည့် အဆိုပါစာရေးမှာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရ သည်။
လက်ရှိအချိန်၌ ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးစာရေးများအပါအဝင် လူအချို့ လုပ်ကြံသတ်ဖြတ်ခြင်း ခံရ လျက်ရှိသည်။
#PeopleMedia #အင်းစိန်မြို့ #ရပ်ကွက်စာရေး
(unicode)
…………………………………………………………….