အင်တာဗျူးမှာ “ဆေးခြောက်နဲ့ လူမျိုးရေးအကြောင်း” ဟားရစ်ထည့်ပြောသွား
PUBLISHED - October 1, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁
ဂျိုးဘိုင်ဒန်အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်ထားတာထက် တစ်ဆင့်တက်ပြီး နိုင်ငံတွင်းမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုသင့်ကြောင်း ဒုတိယသမ္မတကမ္မလာဟားရစ်က ပြောကြားလိုက်ပါတယ်။
“ကျွန်မတို့အနေနဲ့ ဆေးခြောက်ကို တရားဝင်ဖြစ်အောင် ပြဋ္ဌာန်းပေးသင့်ပြီး ဆေးခြောက် ရောင်းဝယ်ဖောက် ကားသုံးစွဲတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ရပ်တန့်ရမယ့် အချိန်ရောက်လာပြီဆိုတာ နားလည် ရမယ့်အခြေအနေတစ်ခုကို ဆိုက်ရောက်နေပြီလို့ ထင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
All the Smoke အစီအစဉ်အတွက် NBA သရုပ်ဆောင် စတီဖင်ဂျက်ဆန်၊ မက်ဘန်းစ်တို့နဲ့ ၄၅ မိနစ်ကြာစကား ဝိုင်းမှာ ဟားရစ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဆေးခြောက်သောက်လို့ လူတွေ ထောင်ထဲဝင်ရတဲ့အဖြစ်မျိုး မဖြစ်သင့်ဘူးလို့ ခံစားရကြောင်း ဟားရစ်က ပြော ပါတယ်။
သမ္မတဘိုင်ဒန်ဟာ ဆေးခြောက်ကို တရားဝင်သတ်မှတ်တာမျိုးမလုပ်ခဲ့ပေမဲ့ အခုနှစ်အစောပိုင်းက ဆေးခြောက် ကို အန္တရာယ်နည်းပါးတဲ့မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။
စိတ်ကျန်မာရေးအတွက် ဘာတွေလုပ်သလဲလို့ ဟားရစ်ကို မေးမြန်းတဲ့အခါ ဟားရစ်က ၎င်းအနေနဲ့ စိတ်ကျန်း မာရေးအတွက် နံပတ်တစ်လုပ်တဲ့အရာကတော့ “ကော်မန့်တွေ လိုက်မဖတ်တာပါပဲ။” လို့ ဖြေပါတယ်။
“စိတ်ဖိစီးမှုတွေ သက်သာစေဖို့အတွက်ကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်တွေ လုပ်ဖို့အရေးကြီးပါတယ်။ ကျွန်မ ကတော့ အချက်အပြုတ် ဝါသနာပါပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဟားရစ်ဟာ ပြီးခဲ့တဲ့နှစ်တွေက ၎င်းရဲ့ မျိုးရိုးကို အမည်ပြောင်းဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဇူလိုင်လက သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း ပွဲစီစဉ်သူတွေကို ပြောပြခဲ့ပါတယ်။
“ကျွန်မ ဘာလဲဆိုတာ တကယ့်ကို ရှင်းရှင်းလင်းလင်း ပြောပြပြီးသားပါပဲ။ တခြားတစ်ယောက်က ကျွန်မ မဟုတ်ဘူးလေ။ ကျွန်မ မဟုတ်တဲ့တခြားတစ်ယောက်က လုပ်တာမျိုးတွေက ကျွန်မအလုပ်မဟုတ်ဘူးလေ။” လို့ ၎င်းက ပြောပါတယ်။
အလုပ်ထဲက အတားအဆီးတွေကို ချိုးဖျက်လိုက်တဲ့အချိန်ရောက်လာတဲ့အခါ “အလွန်တာဝန်ကြီးမားတယ်လို့” ခံစားရကြောင်း ဟားရစ်က ပြောပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံမှာ “လူမည်းအမျိုးသမီးတစ်ဦး နိုင်ငံရဲ့ အမြင့်ဆုံးရာထူးကို ရလာခဲ့ရင်” လို့ ရည်ညွှန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ “ဝင်လာတဲ့အချိန်မှာထက် ပိုပြီးဖွင့်ထားတဲ့ တံခါးကို ထားခဲ့ရလိမ့်မယ်။ ဒါဟာ ကျွန်မအတွက် ရည်ညွှန်းတာပါပဲ။ အင်မတန်တာဝန်ကြီးမားတယ်လို့ ကျွန်မခံစားရပါတယ်။” လို့ ဟားရစ်က ပြောပါတယ်။
Ref: Harris talks about marijuana and racial identity in ‘All the Smoke’ interview
#PeopleMedia