• Follow Us on

Home အင်ဒိုနီးရှားက ရာဖေးဂျက်တိုက်လေယာဉ် ၄၂ စင်းဝယ်ယူဖို့ နောက်ဆုံးအသုတ် လက်မှတ်ရေးထိုး

အင်ဒိုနီးရှားက ရာဖေးဂျက်တိုက်လေယာဉ် ၄၂ စင်းဝယ်ယူဖို့ နောက်ဆုံးအသုတ် လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

 

အင်ဒိုနီးရှားနိုင်ငံဟာ၂၀၂၂ ခုနှစ်ကမှာယူထားတဲ့ ပြင်သစ်ကုမ္ပဏီထုတ် ရာဖေးဂျက်တိုက်လေယာဉ် (Rafale) ၄၂ စင်းပြည့်အောင် ဖြည့်တင်းဖို့အတွက် နောက်ထပ် ရာဖေးဂျက်တိုက်လေယာဉ် ၁၈ စင်း ဝယ်ယူဖို့ သဘော တူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

အခုလက်မှတ်ရေးထိုးလိုက်တဲ့ နောက်ဆုံးအသုတ် ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၆ ခုနှစ် အစောပိုင်း လောက်မှာ စတင်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။

 

၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားအစိုးရက ရာဖေးဂျက်တိုက်လေယာဉ် ၆ စင်း ဝယ်ယူဖို့ သဘောတူလက်မှတ်ရေးထိုး လိုက်ပြီးနောက်မှာ ရာဖေးဂျက်တိုက်လေယာဉ်ဝယ်ယူရေးအစီအစဉ်စတင်ခဲ့တာဖြစ်ပါတယ်။

 

ဂျက်တိုက်လေယာဉ် ၁၈ စင်းပါဝင်တဲ့ ဒုတိယအသုတ်ကို ၂၀၂၃ ခုနှစ် သြဂုတ်လက မှာယူထားပါတယ်။

 

ဂျက်တိုက်လေယာဉ်ဝယ်ယူမှုအတွက် စုစုပေါင်းကုန်ကျငွေက ဒေါ်လာ ၈.၁ ဘီလျံဖြစ်ပါတယ်။

 

လေကြောင်းရန်ကာကွယ်ရေးနဲ့ ကင်းထောက်တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့အပြင် ရာဖေးဂျက်တိုက်လေ ယာဉ်တွေမှာ တာဝေး ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ မြေပြင်လေကြောင်းပစ်ကူ အတွက် လေဆာပဲ့ထိန်းဗုံးတွေကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

 

အရှေ့တောင်အာရှမှာ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့ရဲ့လေကြောင်းစွမ်း ရည်တွေကို မကြာသေးခင်ကာလကပဲ အခုလို အဆင့်မြှင့်တင်လိုက်တာဖြစ်ပါတယ်။

 

အင်ဒိုနီးရှားရဲ့ ရှေ့တန်းစစ်မျက်နှာကို အဆင့်မြှင့်တင်ဖို့အတွက် ကာတာနဲ့ ဂျပန်နိုင်ငံတို့က တစ်ပတ်ရစ် ဂျက် တိုက်လေယာဉ်တွေကို ဝယ်ယူသွားဖို့ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံက ကြေညာလိုက်ပါတယ်။

 

ဒါပေမဲ့ ဘတ်ဂျက်အခက်အခဲကြောင့် ကာတာနိုင်ငံက မီရပ်ချ်ဂျက်တိုက်လေယာဉ်ဝယ်ယူမယ့်အစီစဉ်ကို မကြာ သေးခင်ကရပ်ဆိုင်းထားလိုက်ပြီး အဲဒီအစီအစဉ်အစား လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဂျက်တိုက်လေယာဉ် တွေကို အဆင့်မြှင့်တင်သွားဖို့ အလေးပေးဆောင်ရွက်ခဲ့ပါတယ်။

 

အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်နိုင်ငံက စီးပွားရေးအရေးအယူပိတ်ဆို့မှုတွေချမှတ်လာမှာ စိုးရိမ်တာကြောင့် ရုရှားနိုင်ငံက ဆူခွိုင်း Su-35 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့်အစီအစဉ်ကိုလည်း ပြန်လည်ပယ်ဖျက်ခဲ့ပါ တယ်။

 

Ref: Indonesia Completes 42 Rafale Fighter Jet Order with France

 

#PeopleMedia


Share this post