• Follow Us on
Latest News

Home အင်ဒိုနီးရှားစတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိုးရိမ်ပူပန်လာ

အင်ဒိုနီးရှားစတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိုးရိမ်ပူပန်လာ

Share this post

နိုင်ငံတကာ၊ မတ် ၂၄

 

အင်ဒိုနီးရှားနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ (တနင်္လာနေ့) က စတော့ရှယ်ယာဈေးနှုန်းတွေ ရုတ်တရက်ထိုးကျသွားတဲ့အ တွက် နိုင်ငံရဲ့အနာဂတ်စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုစိုးရိမ်ပူပန်လာကြပါတယ်။

 

Jakarta Composite Index ခေါ် စတော့ရှယ်ယာဈေးကွက်စံနှုန်းဟာ ၄.၇% အထိ ကျဆင်းသွားတဲ့အတွက် တစ်ပတ် အတွင်း တစ်ရက်တည်းမှာ အကြီးမားဆုံးကျဆင်းမှုဖြစ်ပါတယ်။

 

ရှယ်ယာဈေးနှုန်းတွေကျဆင်းတဲ့အထဲမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ရှယ်ယာတွေက အဆိုးဆုံးဖြစ်ပါတယ်။

 

“သမ္မတပရာဘိုဝိုလက်ထက်မှာ စီးပွားရေးမူဝါဒတွေက ဘယ်ကိုဦးတည်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ယေဘုယျအား ဖြင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ယုံကြည်မှုတွေ ပျောက်ဆုံးလာပြီး သံသယတွေဖြစ်လာပါတယ်။” လို့ မေဘဏ်အစုရှယ်ယာ က ကုမ္ပဏီရှယ်ယာရောင်းဝယ်ရေးအကြီးအကဲ ကုတ်ဟောင်းဝန်က ပြောပါတယ်။

 

အစိုးရက PT Telkom Indonesia တယ်လီကွန်းကုမ္ပဏီနဲ့ PT Krakatau Steel စတီးလ်ထုတ်လုပ်ရေးကုမ္ပဏီတို့လို နိုင်ငံပိုင်ထိပ်တန်းကုမ္ပဏီလေးငါးခုကို “အင်ဒိုနီးရှားရဲ့အနာဂတ်စွမ်းအား” လို့ အဓိပ္ပါယ်ရတဲ့ ဒါနန်းတာရာကုမ္ပဏီကြီးကို ပိုင်ဆိုင်မှုတွေ စတင်လွှဲပြောင်းပေးနေစဉ်အတွင်းမှာပဲ နိုင်ငံတွင်း အစုရှယ်တွေ အများအပြားထုတ်ရောင်းလာကြတာဖြစ် ပါတယ်။

 

အကုန်အကျများလှတဲ့ လူမှုဖူလုံရေးအစီအစဉ်တွေအပါအဝင် သမ္မတပရာဘိုဝိုဆူဘီယန်တိုရဲ့ ထင်ရှားတဲ့ အစီအစဉ် တွေအပေါ် စိုးရိမ်မှုတွေမြင့်တက်လာတဲ့အတွက် နိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက်တွေဟာ မကြာသေးခင်ကာလအတွင်း ဖိအားတွေအောက် ရောက်ရှိလာခဲ့ပါတယ်။

 

နိုင်ငံတွင်း ဘဏ္ဍာရေးကဏ္ဍတွေမှာ ဖိအားတွေ ပိုမိုများပြားလာသလို စီးပွားရေးလုပ်ငန်းတွေ ပိုမိုအားနည်းလာအောင် လည်း ခြိမ်းခြောက်လာခဲ့ပါတယ်။ နိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကြီးဖြစ်တဲ့ ဒါနန်းတာရာကုမ္ပဏီကြီး လွှဲ ပြောင်းပေးလိုက်တာဟာ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိုးရိမ်လာအောင် ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပုံရတယ်လို့ ကုတ် ဟောင်းဝန်က ပြောပါတယ်။

 

“ဒါ့အပြင် စီမံခန့်ခွဲမှုအပြည့်အဝဆောင်ရွက်မယ့်အဖွဲ့ကို ဒီကနေ့ ထုတ်ဖော်ကြေညာမယ်လို့ အစိုးရက စီစဉ်လိုက်တာ ကလည်း ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုတွေ ပျောက်ဆုံးလာပြီး သံသယတွေဖြစ်လာအောင် ထပ်မံ တွန်းပို့ပေးလိုက်တဲ့ အကြောင်းအရာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Indonesia stocks tumble on growth, state firm ownership concerns

 

#PeopleMedia


Share this post