အင်ဒိုနီးရှားဆန္ဒပြပွဲတွေအတွင်း သတင်းထောက်များအကြမ်းဖက်ခံရမှုှနှင့်ပတ်သက်ပြီး RSF အဖွဲ့က ပြင်းထန် စွာ ပြစ်တင်ရှုတ်ချ
PUBLISHED - August 28, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၇
အင်ဒိုနီးရှားနိုင်ငံ ဆန္ဒပြပွဲအတွင်း သတင်းယူနေတဲ့ သတင်းထောက်တွေအပေါ် အင်ဒိုနိးရှားရဲတပ်ဖွဲ့က အကြမ်း ဖက်တိုက်ခိုက်ခဲ့တဲ့အတွက် နယ်စည်းမထားသတင်းထောက်များ (Reporters without Borders / Reporters sans frontières RSF) အဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲဥပဒေ ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဂျကာတာမြို့နဲ့ ဘန်ဒေါင်းမြို့ တို့မှာ သြဂုတ်လ ၂၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့ရာမှာ ဆန္ဒပြပွဲတွေမှာ သတင်းသွားယူနေတဲ့ သတင်းထောက် ၁၁ ဦးထက်မနည်းကို အင်ဒိုရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းထောက်တွေရဲ့ပစ္စည်းတွေကို ဖျက်ဆီးခဲ့သလို ဆန္ဒပြပွဲအကြောင်းတွေ ရိုက်ကူး ထားတဲ့ ဗီဒီယို/ဓာတ်ပုံတွေကိုလည်း အတင်းဖျက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“ရဲတပ်ဖွဲ့ဝင်တွေက သတင်းထောက်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့သလို ၎င်းတို့ရဲ့ပစ္စည်းတွေကိုလည်း ဖျက် ဆီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့နဲ့ သ တင်းထောက်တွေ လုပ်ငန်းဆောင်ရွက်ရမှာ ၎င်းတို့လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ အင်ဒိုနီးရှားအာဏာပိုင် တွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။” လို့ RSF အဖွဲ့ အာရှ-ပစိဖိတ်ဗျူရို ညွှန်ကြားရေးမှူး Cédric Alviani က ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲဥပဒေပြင်ဆင်တာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေဟာ သြဂုတ်လ ၂၂ ရက်နေ့က အင်ဒိုနီးရှား လွှတ်တော်ကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ရာမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး ဆန္ဒပြလူအုပ်ကြီးကို ဖြိုခွင်းခဲ့ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးဝင်ရောက်ယှဉ်ပြိုင်ရာမှာ အသက် ၃၀ မပြည့်သေးတဲ့သူတွေကို တားဆီးထားတဲ့ ဥပဒေ ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သြဂုတ်လ ၂၀ ရက်နေ့က ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီလို ပြင်ဆင်ပေးလိုက်တဲ့အတွက် မကြာခင် အနားယူတော့မယ့် သမ္မတဂျိုကို ဝီဒိုဒိုရဲ့ အငယ်ဆုံးသားဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ်သာရှိသေးတဲ့ ကိုင်စမ်းပန်းဂရပ်ဟာ ဂျာဗားအလယ်ပိုင်း ဒေသတစ်ခုမှာ ဒေသအုပ်ချုပ် ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆန္ဒပြမှုတွေ ကြီးထွားလာတဲ့အတွက် ရွေးကောက်ပွဲဥပဒေပြင်ဆင်မှု အတည်ပြုချက်ကိုလည်း လွှတ် တော်က ပြန်လည်ရပ်ဆိုင်းထားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၁၁ မှာရှိနေပါတယ်။
Ref: RSF condemns police violence against several journalists covering a protest in Indonesia and Ratification of Indonesian election law changes delayed as protesters try to storm parliament
#PeopleMedia