• Follow Us on

Home အင်ဒိုနီးရှားနိုင်ငံက ဘလက်ဟော့ရဟတ်ယာဉ် ၂၄ စင်း ဝယ်ယူမည်

အင်ဒိုနီးရှားနိုင်ငံက ဘလက်ဟော့ရဟတ်ယာဉ် ၂၄ စင်း ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅

 

အင်ဒိုနီးရှားနိုင်ငံဟာ F-15 ဂျက်တိုက်လေယာဉ် ၂၄ စင်းဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဆကော့စကီး အက်စ်-၇၀ အမ် ဘလက်ဟော့ရဟတ်ယာဉ် ၂၄ စင်းဝယ်ယူဖို့ အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

သဘောတူစာချုပ်အရ ဘက်စုံသုံးဘလက်ဟော့ရဟတ်ယာဉ်တွေကို အင်ဒိုနီးရှားတပ်မတော်အတွက်ပို့ပေးဖို့ အင်ဒိုနီးရှားအစိုးရပိုင် PT Dirgantara Indonesia (PTDI) ကုမ္ပဏီဟာ အမေရိကန်လော့ဟိမာတင် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဘလက်ဟော့ရဟတ်ယာဉ်တွေဟာ အင်ဒိုနီးရှားလေတပ်ကို အဆင့်မြှင့်တင်ပေးသွားမှာဖြစ်သလို အင်ဒိုနီးရှား တပ်မတော်အဆင့်မြှင့်တင်ရေးကြိုးပမ်းမှုကိုလည်း ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။

 

“PTDI ကုမ္ပဏီနဲ့ ဆကော့စကီးကြားထဲက မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဟာ ရဟတ်ယာဉ် အ ရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးစီးမှုအတွက် ပေါင်းစပ်ရာမှာ၊ ဝယ်ယူသူစိတ်ကြိုက်ဆောင်ရွက်ပေးရာမှာ၊ အဆင့် မြှင့်တင်ပြောင်းလဲတဲ့နေရာမှာ PTDI ကုမ္ပဏီရဲ့ စွမ်းရည်တွေကို ထပ်မံဖန်တီးတိုးမြှင့်ပေးလိုက်တာပဲဖြစ်ပါ တယ်။” လို့ PTDI ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဂီတာအမ်ပီရီယာဝန်က ပြောပါတယ်။

 

ရဟတ်ယာဉ်ဝယ်ယူရေးစာချုပ်သတ်မှတ်တန်ဖိုးကိုတော့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

 

ဟော့ဟိမာတင်ကုမ္ပဏီထုတ် အက်စ်-၇၀ အမ် ဘလက်ဟော့ရဟတ်ယာဉ်ဟာ အလေးချိန် ၁၀၃၅၀ ပေါင် (၄၆၉၅ ကီလိုဂရမ်) ကျော် သယ်ဆောင်နိုင်တဲ့ အားထားရလောက်တဲ့ ရဟတ်ယာဉ်ပဲဖြစ်ပါတယ်။

 

ဘလက်ဟော့ရဟတ်ယာဉ်ဟာ စစ်ထွက်ဝတ်စုံအပြည့်အစုံနဲ့ စစ်သည် ၁၂ ဦးကို တင်ဆောင်ပြီး ဘယ်လိုရာသီ ဥတုအခြေအနေမျိုးမှာမဆို နေ့ရောညာပါ ပျံသန်းနိုင်တဲ့ရဟတ်ယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီရဟတ်ယာဉ်ကို လူနာတင်ဖို့အတွက်ဖြစ်စေ၊ မီးငြိမ်းသတ်ဖို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာဖြစ်စေ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာဖြစ်စေ အသုံးပြုနိုင်ပါတယ်။

 

ဘလက်ဟော့ရဟတ်ယာဉ်ဟာ ခေတ်မီဒစ်ဂျစ်တယ်လေယာဉ်တည်ဆောက်မှုနည်းပညာ၊ အားကောင်းလှတဲ့ရ ဟတ်ယာဉ်အင်ဂျင်နဲ့ ပေါင်းစပ်ထားတဲ့လေးကြိုးမျဉ်းကျယ် (အနံကျယ်) ပန်ကာဒလက်တွေကြောင့် တခြား ဘက်စုံသုံးရဟတ်ယာဉ်တွေထက် ပျက်ကျမှုနှုန်းပိုမိုနည်းပါးပြီး situational awareness ပိုမိုကောင်းမွန်တယ် လို့ ဆိုပါတယ်။

 

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ ဘလက်ဟော့ရဟတ်ယာဉ်ပေါင်း ၄၀၀၀ ကျော်ကို အသုံးပြုနေကြောင်း သိရပါတယ်။

 

Ref: After F-15 Jets, Indonesia Buys 24 Sikorsky Black Hawk Helicopters

 

#PeopleMedia


Share this post