အင်ဒိုနီးရှားအနေနဲ့ ဝင်ငွေမြင့်နိုင်ငံဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့လိုကြောင်း ဒုဝန်ကြီးပြော
PUBLISHED - August 9, 2023
နိုင်ငံတကာ၊ သြဂုတ် ၉
အင်ဒိုနီးရှားနိုင်ငံ ဝင်ငွေမြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အေမီလီယာ အေဒင်အင်ဂါ ဝစ်ယာဆန်တီ (Amelia Adininggar Widyasanti) က ပြောကြားလိုက်ပါတယ်။
“ကုန်ထုတ်လုပ်ငန်းတွေကတစ်ဆင့် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပါတယ်။” လို့ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ “စက်မှုလုပ်ငန်းမှသည် အစိမ်းရောင်လုပ်ငန်းဆီသို့” ဆွေးနွေးပွဲမှာ ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
စက်မှုလုပ်ငန်းဟာ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်မှုရှိမှာဖြစ်တဲ့ ထုတ်ကုန်တိုး မြှင့်ရေးအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၅-၂၀၄၅ အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (2025–2045 National Long-Term Develop ment Plan – RPJPN) ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် စက်မှုလုပ်ငန်းထဲမှာ သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေတဲ့လုပ်ငန်းကိုပါ ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ကြောင်း ဝစ်ယာဆန်တီက ပြောပါ တယ်။
၂၀၂၅-၂၀၄၅ အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ပြင်ဆင်ရာမှာ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဝန်ကြီးဌာနအနေနဲ့ အနာဂတ်ကာလစက်မှုလုပ်ငန်းတွေကို ထောက်ပံ့နိုင်အောင် ဦးစားပေးလုပ် ငန်းများရွေးချယ်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောပါတယ်။
“၂၀၂၅-၂၀၄၅ အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆောင်ရွက်ရာမှာ ကျွန်မတို့ဆောင်ရွက်မယ့် ဦးစား ပေးလုပ်ငန်းတွေထဲက လုပ်ငန်းတစ်ခုကတော့ သဘာဝရင်းမြစ်တွေအသုံးပြုတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ အဲဒါက တော့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေလိုမျိုးလုပ်ငန်းသာမကဘဲ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့လုပ်ငန်းတွေ လည်းပါပါတယ်။ အဲဒါ တွေကတော့ ဆီအုန်းလုပ်ငန်းတွေ၊ ကျောက်ပွင့်/ ပင်လယ်ရေညှိလုပ်ငန်းတွေ၊ ကိုကိုးမှုန့် လုပ်ငန်းတွေနဲ့ တခြား လုပ်ငန်းတွေပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အခြေခံကုန်ထုတ်လုပ်ငန်းတွေဟာ တခြားစက်မှုလုပ်ငန်းတွေအတွက် ထောက်ပံ့ရေးဖြစ်လာတာကြောင့် အဲဒီ အခြေခံကုန်ထုတ်လုပ်ငန်းတွေကို လူတွေကစိတ်ဝင်စားလာကြလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။
Ref: Indonesia needs transformation to become high-income country: Ministry: ANTARA News
#PeopleMedia